Part(16)

235 28 8
                                    

Unicode Version


"ဗြောရ  အဆင်ပြေရဲ့လား"


စိုးရိမ်တကြီး မေးလာသော ဦးလေးကြီးကို ကျွန်တော်  ခေါင်းခါ ပြလိုက်မိသည်။ စကားပြန်ပြောရန်တောင် အားမရှိတော့.....


ရင်ဘတ်တစ်ခုလုံး  ဖျစ်ညှစ်ခံထားရသည့်အလား  မွန်းကြပ်ကာ  အသက်ရှူရ ခက်လာ၏။ 

ဘာလို့လဲ! ဘာလို့များ....

ကျွန်တော့်အား ကြည့်နေသော ဦးလေးကြီး၏ မျက်နှာထက်ဝယ် စိုးရိမ်မှုတို့က အတိုင်းသား။  သို့တိုင်အောင် တစ်စထက် တစ်စ ဝေဝါးလာသော မြင်လွှာကြောင့် ပုံရိပ်က မရှင်းလင်းတော့။


ယိုင်နဲ့လာသော ခြေထောက်တို့ကြောင့် မတ်တပ်ပင် မရပ်နိုင်။ ခွေခနဲ လဲကျသွားသော ကျွန်တော့်အား လာထိန်းပေးသည့် ဦးလေးကြီး၏ နွေးထွေးသော လက်တစ်စုံ.....

"ဗြော ဗြောလေး အဆင်ပြေရဲ့လား"



မပြေဘူး....  ကျွန်တော် လုံးဝကို အဆင်ပြေ မနေဘူး။  တစ်ယောက်လောက်  ကျွန်တော့်ကို  ကယ်တင်ပေးပါ။



"ဗြော!!!   ဗြော!!!!"

~

~

~

တီ တီ တီ တီ

"ဒေါက်တာ ကျွန်မတို့ ဘယ်လို လုပ်ကြမလဲ။ လူနာက...."


"သူနာပြုကန်က စကား အတော်များတာပဲ။ အာရုံစိုက်စရာ ရှိတာကိုပဲ စိုက်ပါ"


"ဟုတ် ဟုတ် နားလည်ပါပြီ"



~~~~~~~~~~~~~~~

"ဟွန်းရေ   ငဟွန်း"


လီဟွန်းတစ်ယောက် ခေါ်မကြား အော်မကြားနှင့် ဘာတွေများ လုပ်နေပါလိမ့်။ တစ်အိမ်လုံး  ကျီးကန်းတောင်းမှောက် လိုက်ရှာတာတောင်  အရိပ်အယောင်ပင်  မတွေ့ရ။

မဟုတ်မှ လွဲရော....  တောထဲသို့  သွားနှင့်ပြီလား။  အတူတူ သွားကြပါမည်ဆိုမှ  ကောင်စုတ်လေးက  ကျွန်တော့်ကိုပင် မစောင့်။ တွေ့မှ  အဝကို ဆဲပစ်ဦးမည်။



"Fu*k"

သည်းမခံနိုင်စွာ အသံထွက်  ဆဲလိုက်မိသည်။ 


Once upon in April (boyxboy)CompleteWhere stories live. Discover now