Part(12)

226 36 0
                                    

Unicode Version

နားထဲသို့ ပျံ့လွင့်လာသော  ငြိမ့်ငြိမ့်ညောင်းညောင်း  တေးသွားလေးတစ်ပုဒ်.....  ပျော်ရွှင်စေသယောင်ရှိသော်ငြား  ဝမ်းနည်းရိပ်တို့ပါ ထပ်လောင်း  ပေါင်းထည့်ထားသော အနှီသံစဥ်တို့ကြောင့် ကျွန်တော့်ရင်ထဲ  လေးလံနေ၏။ 



ဦးလေးကြီးကတော့ ကျွန်တော် သူ့နောက်တွင်  ရပ်ကြည့်နေသည်ကိုပင် မသိဘဲ  လက်ချောင်းတို့ကို  စန္ဒယားထက်ဝယ်  စေလိုရာ စေခိုင်းနေမြဲ..... 




အနှီ   လွမ်းမောဖွယ်  တေးသွားကို  ဦးလေးကြီး တစ်ခါမျှ  မတီးခဲ့ဖူးချေ။ ကျွန်တော့်ကိုလည်း  ယောင်လို့ပင်  မသင်ပေးခဲ့ဖူးပေ။ သည်နေ့ကျမှသာ  ပထမဆုံးအကြိမ် ကြားဖူးခြင်း။



"ဗြောလေး"


နာမည်ခေါ်လိုက်သော ဦးလေးကြီးကြောင့် ကျွန်တော့်ရဲ့  ဟိုဟို သည်သည် အတွေးစတို့  ပြတ်သွားလေ၏။  အနောက်သို့ပင် လှည့်မလာသော ဦးလေးကြီးကို ကြည့်ရတာ ကျွန်တော် ရောက်နေသည်ကို အစကနဦးကတည်းက  သိနေသယောင်.....

"  'Mariage d'Amour' တဲ့ ဗြောလေး"

"ဗျာ"

နားမလည်နိုင်စွာ  ပြန်မေးလိုက်မှသာ ကျွန်တော်နှင့် မျက်နှာချင်းဆိုင်သို့ လှည့်လာသော ဦးလေးကြီး။  မျက်နှာလည်း မကောင်းချေ။

"သူ့နာမည်ကို ပြောတာ။  မင်း မကြားဖူးဘူးမလား....  ဦးလေး တစ်ခါမှ  မသင်ပေးခဲ့ဖူးဘူးလေ"

"အာ ဟုတ်တယ်။  ဒီလောက် ကောင်းတာလေးကို ကျွန်တော့်ကို  မသင်ဘဲ  လျှိုထားတယ် ဦးလေးကြီးက"

နှုတ်ခမ်းစူရင်း ကျွန်တော် ပြောလိုက်လေတော့  ဦးလေးကြီးက  ပါးချိုင့်များ ခွက်ဝင်သွားသည်အထိ ပြုံး၏။ သို့သော် အသက်မပါချေ။

"လျှ်ိုထားတာ မဟုတ်ရပါဘူး ဗြောရာ။  တကယ်တော့....  ဦးလေးကြီးတောင်  ဒီနေ့မှ  ပြန်တီးဖြစ်တာ။  'Marriage d'Amour'....  အိပ်မက်ထဲက  လက်ထပ်ပွဲလို့  အဓိပ္ပာယ်ရတယ် ဗြောလေး"

Once upon in April (boyxboy)CompleteWhere stories live. Discover now