Final

1.3K 57 9
                                    

Unicode Version

"Hyung လေဆိပ်ကို ဒါကြီးနဲ့ သွားမှာလို့တော့ လာမပြောနဲ့နော်"

"Why not Bae?"

"ဘာ why not လဲ။ ဆိုင်ကယ်ကြီးနဲ့ အထုပ်အပိုးတွေ ဘယ်လို သယ်မှာလဲ။ လာမနောက်နဲ့နော်"


စူပုပ်ပုပ်နှင့် မကျေမချမ်း ပြောနေသော ကလေးငယ်ကတော့လေ အသည်းတွေ ယားအောင် လာလာဆွနေတော့တာပဲ။

"အရမ်း ချစ်ဖို့ကောင်းအောင် မလုပ်ပြနဲ့ကွာ။ ကိုယ် မင်းကို မလွှတ်ဘဲ ခိုးပြေးလိုက်မှာနော်"


"ကောင်းသားပဲ။ ကျွန်တော်တို့ ခိုးရာလိုက်ပြေးရအောင် Hyung"

"တယ် ဒီကလေး... ဘယ်တုန်းက အဲ့လောက်တောင် သတ္တိတွေ ကောင်းသွားတာလဲ"

ဆံပင် ညိုညိုလေးများကို တယုတယ ဆွဲဖွရင်း မေးလိုက်လေတော့ ကျွန်တော့်အား ဂျိုကြည့်ဖြင့် ပြန်ကြည့်၏။

"ပွကုန်ပြီ Hyungရာ"

ဆိုင်ကယ်ဘက်မှန်ကို ကြည့်ရင်း ဆံပင်ကို သေသေသပ်သပ် ပြန်ပြင်နေသော ဟွန်းငယ်.....

"ပွတော့ရော ဘာဖြစ်လို့လဲ။ ကိုယ့်အိမ် ကိုယ်ပြန်တာ ဘာတွေ ပဲများနေတာလဲ။ ဟွန်းငယ်နော် ကိုယ့်ကို စိတ်မချအောင် မလုပ်နဲ့"


"စိတ်မချရင် လိုက်ခဲ့ပေါ့။ ဘယ်သူက နေခဲ့ခိုင်းလို့လဲ"


နှုတ်ခမ်း တထော်ထော်နှင့် ပြောနေသော ဟွန်းငယ်ကြောင့် ကျွန်တော် အူယားလွန်ပြီး သေမလားပဲ။


"လိုက်မှာ။ လိုက်လာမှာ။ လိမ်လိမ်မာမာသာနေ။ ဘာဘာညာညာ မကြားချင်ဘူး"


"ကျွန်တော်လည်း မကြားချင်ပါဘူးနော်။ Hyungလည်း အနေအထိုင် ဆင်ခြင်ပါ။ မဟုတ်လို့ကတော့ လူညွန့်တုံးမှာနော်"


သည်ကလေး ဘယ်ဘဝကများ ဆုတောင်း ကောင်းခဲ့ပါလိမ့်။ လူကို ခြိမ်းခြောက်နေပုံက ပကတိ ဖက်နမ်းချင်စဖွယ်။


"သွားရအောင် Hyung..."

"အင်း သွားမယ်လေ"

"ဒါကြီးနဲ့လား....."

နက်ပြောင်နေသော ဆိုင်ကယ်ကြီးထံ မေးငေါ့ရင်း သူ မေး၏။

Once upon in April (boyxboy)CompleteKde žijí příběhy. Začni objevovat