Part(29)

273 33 5
                                    

Unicode Version

"ဘာလိုလိုနဲ့ မင်းပျောက်နေတာ တစ်လတောင်  ပြည့်တော့မယ် လီဟွန်း.....
ဘယ်တွေများ ရောက်နေတာလဲကွာ။ ရောက်တဲ့ အရပ်မှာရော အဆင်ပြေရဲ့လား"


"မပြောမဆိုနဲ့ ပျောက်သွားတဲ့ မင်းကိုလေ ငါ အရမ်း စိတ်ပူတယ်။ စိတ်လည်း ဆိုးတယ်။ မင်း ငါ့ကို အရူး လုပ်ပေါင်းများပြီ။ ဒီတစ်ခါတော့ မင်းကို ခွင့်မလွှတ်နိုင်ဘူး။ တွေ့တာနဲ့ အပြစ်ပေးပစ်မှာ။ မင်း သေပြီသာမှတ် လီဟွန်း"


"ငါလေ  မင်းအိမ်ကို နေ့တိုင်းလာဖြစ်တယ်။  မင်း မရှိတဲ့ ဒီအိမ်ကြီးထဲမှာ တစ်ယောက်တည်း စကားတွေ ပြောရတာ အကျင့်လိုတောင် ဖြစ်နေပြီ။ အရူးနဲ့တူတယ်မလား.... Haha"

ကျွန်တော့်၏ ခြောက်ကပ်ကပ် ရယ်သံတို့က ကျွန်တော့်အား ပြန်လှောင်နေသလိုပင်။

"တကယ်လည်း အရူးပဲ။ မင်းမရှိတဲ့ဒီတစ်လအတွင်း ဘာပုံမှကို မဆွဲဖြစ်ဘူး။ Pianoလည်း မတီးချင်ဘူး။ ထိတောင် မထိဖြစ်ဘူး။ ငါ ဘာလုပ်နေတယ်လို့ မင်းထင်လဲ...... မင်းသာ သိရင် ရယ်မလားပဲ"

လီဟွန်း ရယ်၊ မရယ်တောာ့ မပြောတတ်။ လူကတော့ ပြောရင်း ပြုံးမိပြန်သည်။

"ငါ ကဗျာဆရာ ဖြစ်နေပြီ။ မင်းအကြောင်းတွေပဲ စာစီနေမိတယ် လီဟွန်းရာ....
ငါ မင်းကို လွမ်းလိုက်တာ"


"မင်းကိုများ ထပ်တွေ့ဦးမလားဆိုပြီး ကိုရီးယားမှာပဲ သောင်တင်နေတယ် သိလား။Hana Noonaတို့တောင် ပြန်သွားကြပြီ"


"ဒါပေမဲ့လေ..... ငါလည်း နောက်တစ်ပတ်လောက်နေရင် ပြန်တော့မယ်။ အဲ့မတိုင်ခင်တော့ မင်း ပြန်ပေါ်လာပေးပါ။ မင်း ပြန်ပေါ်လာရင် မင်းကိုပါ ငါခေါ်သွားမှာ။ ငါ အဲ့ဒီလောက်ထိကို ပြင်ဆင်ထားပြီးပြီ"


"ငါလေ မင်းကို အရမ်း လွမ်းတယ်။ အရမ်း အရမ်းပဲ....."


"ငါ မင်းကို သဘောကျတယ် လီဟွန်း.... သူငယ်ချင်း တစ်ယောက်ထက် ပိုပြီး....."

သူ မရှိတော့မှ သိလိုက်ရသော ကျွန်တော့်ရဲ့ ရင်ခုန်သံများအကြောင်း သက်ဆိုင်သူကတော့ မကြားပါလေ။

Once upon in April (boyxboy)CompleteWhere stories live. Discover now