Part(34)

261 31 0
                                    

Unicode Version

"ဒါလေးကို Hyung မှတ်မိဦးမလား မသိ.... ဂီတ ဖျော်ဖြေပွဲညတုန်းက ကျွန်တော် Hyungအတွက်ဆိုပြီး တောင်းပေးခဲ့တဲ့ Park Monyရဲ့ လက်မှတ်လေးလေ"


"ဂီတဖျော်ဖြေပွဲ ဟုတ်လား။ ကိုယ်တို့က ဂီတဖျော်ဖြေပွဲလည်း ကြည့်ခဲ့ဖူးကြတယ်ပေါ့"


"အင်း ကြည့်ဖူးတယ်။ အဲ့ဒီည မတိုင်ခင်က Hyung က HyungကိုHyung ဝိညာဥ်ပါဆိုပြီး ဝန်ခံခဲ့တာ"


ဘယ်လို..... ကျွန်တော်က ကလေးငယ်ဆီမှာ.....

"မင်း ကိုယ့်ကို စိတ်ဆိုးခဲ့မှာပေါ့"


"ပိစိလေးပါ။ ကျွန်တော် Hyungကို ကြာကြာ စိတ်မဆိုးခဲ့ပါဘူး"


ပြုံးစစဖြင့် ပြောနေသော ကလေးငယ်ဟာ ပကတိ မြတ်နိုးချင်စဖွယ်။



"မင်းက ကိုယ် ဝိညာဥ်မှန်း သိပြီးတဲ့ထိကို ဆက်ပေါင်းသင်းနေခဲ့တာပေါ့.... မင်း မကြောက်ဘူးလား"


ကျွန်တော် သိရသလောက် ကလေးငယ်ဟာ သရဲ ကြောက်တတ်သည်။ သရဲကား ကြည့်သည့်ညကဆို လှေကားကနေ ဆင်းလာသည့် ကျွန်တော့်ကိုတောင် သရဲဟု ထင်ပြီး မျက်လုံးကြီး မှိတ်နေခဲ့တာပါ။


"ကြောက်တော့ ကြောက်ပေမယ့် လီဟွန်းက လူကောင်း အာ ဆောရီး ဝိညာဥ်ကောင်းလို့ ကျွန်တော် ခံစားမိနေတယ်။ ကျွန်တော် သူ့အပေါ် သံယောဇဥ် တွယ်နေတာကြောင့်လည်း ပါတာပေါ့"

"သူ့အပေါ်ဆိုတော့ ကိုယ့်အပေါ်ကိုရော မင်း မတွယ်ဘူးလား....."



မျက်မှောင်ကြီး ကုပ်ရင်း မေးလိုက်လေတော့ ကလေးငယ်က သဘောတကျ ရယ်သည်။

"Hyungတို့က တစ်ယောက်တည်းပဲဟာကို"


တကယ်တော့ ကျွန်တော် ရည်ညွှန်းချင်သည်က သူ့ငယ်ဘဝက Hyungကိုရော သံယောဇဥ် မတွယ်ဘူးလားဟု..... သို့သော်လည်း ကလေးငယ်က အတိတ်ကိုမှ မမှတ်မိသေးတာ။ ကျွန်တော် လောအားကြီးသွားမိသည်။



"ဒါနဲ့..... Arjushiက ပြောလိုက်တယ်။ မင်းက ကိုယ့်ကို လာရှာတိုင်း စကား တစ်ခွန်း အမြဲ ပြောတယ်တဲ့။ အဲ့ဒါက ဘာစကားများလဲ...."


Once upon in April (boyxboy)CompleteOpowieści tętniące życiem. Odkryj je teraz