Part(20)

258 30 1
                                    

Unicode Version

"ကိုရေ ဟန်နီတို့ ပြန်လာ အယ် ဧည့်သည် ရောက်နေတာပဲ"

"ဟုတ်တယ် ဟန်နီရေ.... ကိုယ့်ရဲ့ အတွင်းရေးမှူးလေ"

"မင်္ဂလာပါ သူဌေးကတော်။ ဂိုမင်ဟိုပါ။ အတွင်းရေးမှူးဂိုလို့ ခေါ်နိုင်ပါတယ် ခင်ဗျ"

မျက်မှန်ကို ပင့်တင်ရင်း ဆိုလာသော အတွင်းရေးမှူးဂိုဟာ ရိုရိုကျိုးကျိုးလေးနှင့် အေးချမ်းလှသည်။


"ဟုတ်။ တွေ့ရတာ ဝမ်းသာပါတယ် အတွင်းရေးမှူးဂို။ သူဌေးကတော်လို့ မခေါ်ပါနဲ့။ Noonaလို့ပဲ ခေါ်ပါ"


"ဟုတ်ကဲ့ Noona"

စကားကောင်းနေသော သူ(မ)သည် ကျွန်တော့်ကိုပင် မေ့လျော့နေလေသည်။ ဘယ်လို မိခင်မျိုးပါလိမ့်.....

"ဟန်နီ ကိုယ်တို့ရဲ့ သားငယ်လေးရော"

"အာ ဟုတ်သားပဲ။ သားလေး။ အိမ်ထဲ ဝင်လာလေ။ လာပါ။ Omma သားလေးက ကြောက်နေတာလား"

ကျွန်တော့်လက်ကို အတင်း ဆွဲရင်း အိမ်ထဲသို့  ဇွတ်သွင်းနေသော သူ(မ)ကြောင့် လူက ကြာကြာ တင်းမခံနိုင်တော့ဘဲ ဆွဲခေါ်ရာသို့ အရုပ် တစ်ရုပ်အလား တောင့်တောင့်ကြီး ပါသွား၏။


"ကြည့်ပါဦး။ ကိုယ်တို့ သားငယ်လေးက ချစ်ဖို့ ကောင်းချက်။ အရုပ်ကလေးကျနေတာပဲကွာ"


လက်ထဲရှိ ဝိုင်ခွက်ကို ဟန်ပါပါ လှုပ်ယမ်းရင်း အပြုံး ချိုချိုတို့ဖြင့် ဆိုလာသော ထိုအမျိုးသားက သူ(မ) ပြောပြောနေသည့် ကျွန်တော့် ဖခင် အရင်းဆိုသူများလား....


"ဟုတ်တယ်နော်။ သူဌေးတို့များ ကံကောင်းချက်။ သားကြီးကလည်း ချော၊ သားငယ်လေးကလည်း ချစ်စရာလေး။ အားကျလိုက်တာဗျာ"


"အားကျရင် အတွင်းရေးမှူးဂိုလည်း အိမ်ထောင် ပြုပေါ့ကွ"

ဝိုင်ကို တစ်ငုံခဲပြီး သွားစွယ်လေးများ ပေါ်လာသည်အထိ ပြုံးရင်း ဆိုလာသော ထိုအမျိုးသားဟာ ကျွန်တော့် မျက်စိထဲဝယ် တစ်စုံတစ်ယောက်နှင့် တူနေသယောင်......


"ပြုချင်တာပေါ့ သူဌေးရာ..... ဒါပေမဲ့ ဖြစ်မှ မဖြစ်နိုင်တာ"

Once upon in April (boyxboy)CompleteWhere stories live. Discover now