Part(35)

262 32 0
                                    

Unicode Version


"ဒါက ကိုယ့်ကို မင်း ဆွဲပေးခဲ့တဲ့ ပုံတူပေါ့"

ခေါင်းတဆတ်ဆတ် ညိတ်ပြလာသော ကလေးငယ်.....

"အင်း တိုးတက်လာတယ်"


ပြုံးရင်း ကျွန်တော် ပြောလိုက်လေတော့ ကလေးငယ်က အူကြောင်ကြောင် ပြန်ကြည့်သည်။

အင်းပေါ့လေ... ကျွန်တော် ဆိုလိုချင်သည်ကို ဟွန်းငယ် ဘယ်သိပါ့မလဲ...


သူ ပိစိလေးတုန်းကလည်း ကျွန်တော့် ပုံတူကို ဆွဲပေးခဲ့ဖူးသည်။ သူ့၏ မသေမသပ် ခဲပန်းချီလေးပေါ် ကျွန်တော် ပီကေ ထွေးခဲ့စဥ်က ပျက်ယွင်းသွားသော မျက်နှာလေးကို မြင်ယောင်လာတိုင်း ကိုယ့်ကိုယ်ကိုယ် ဓားနှင့်သာ ထိုးလိုက်ချင်သည်။

တကယ်ကို မကောင်းသည့် အကောင်....


"မင်းက ပန်းချီဆွဲတာ တော်သားပဲကွ။ အခု ကျောင်းပြီးပြီမလား.... ဘာလို့ တက္ကသိုလ် ဆက်မတက်သေးတာလဲ"

သည်လိုမေးလိုက်လေတော့ သူ့မျက်နှာထက်ရှိ ချိုမြမြ အပြုံးတို့ဟာ ရုတ်ချည်း ပျောက်ကွယ်သွားလေ၏။


"ကျွန်တော် နောက်သုံးရက်လောက်နေရင် ကိုရီးယားကနေ ပြန်ရတော့မယ်။Hyung လိုက်ခဲ့ပါလား"

"ရုတ်တရက်ကြီးပါလား ဟွန်းရ"


"အင်း ဟုတ်တယ် Hyung... တကယ်က ကျွန်တော်က Hana Noonaတ်ို့နဲ့အတူ ပြန်ရမှာ။ အာ Hyungက သူတို့ကို ဘယ်သိပါ့မလဲနော်။ သူတို့က Ommaရဲ့ အသိတွေ။ ဒီကို လာလည်တော့ ကျွန်တော့်ဆီမှာ လာတည်းကြတာ"


မညာတမ်း ဝန်ခံရလျှင် ဟာနာတို့ကို ကျွန်တော် သိပါသည်။ သူတို့ကို အစကတည်းက Appaက ရည်ရွယ်ချက် ရှိရှိဖြင့် ဟွန်းထံ ချဥ်းကပ်ခိုင်းခဲ့သည်ကို ကလေးငယ်က မသိ။


သူတို့၏ ကျေးဇူးဖြင့်ပင် ကလေးငယ်၏ (၁၂)နှစ်အရွယ်က ဓာတ်ပုံတွေကို တွေ့ခဲ့ရပြီး ဂျီဟွန်းဟာ ယောင်ရှင်းမှန်း သိခဲ့ရခြငင်း။


"Hyung လိုက်ခဲ့မယ်မလား....."


မျှော်လင့်ချက် ရောင်ခြည် သန်းနေသော မျက်ဝန်းတို့ဖြင့် မေးနေသော ကလေးငယ်ကို ဘယ်လို လုပ်ရပါ့....

Once upon in April (boyxboy)CompleteUnde poveștirile trăiesc. Descoperă acum