Part(21)

228 28 6
                                    

Unicode Version

သည်နေ့နှင့်ဆိုလျှင် ဆိုး(လ်)ကို ရောက်တာ သုံးရက် ပြည့်ပြီ။ ဆိုး(လ်)ကို ရောက်ပြီးကတည်းက Hyungက ကျွန်တော်နှင့် ခပ်ခွာခွာနေ၏။


ကျွန်တော် ပြုံးပြသည်ကိုပင် မမြင်ချင်ယောင် ဆောင်ကာ စကားလည်း တစ်ခွန်းတလေလေးတောင် စ မပြောခဲ့။ ကျွန်တော် သွားပြောလျှင်လည်း တုံးတိချည်းသာ ပြန်ဖြေတတ်သော သူ့ကြောင့် ကြာလာတော့ လူလည်း ရှက်လာ၏။


သည်လိုနှင့်ပင် တစ်ယောက်နှင့် တစ်ယောက်ဟာ တစ်မိုးအောက်မှာ နေပြီး အနေနီးရက်နှင့် ဝေးသွားကြသည်။


တွေးရင်း လူက အိပ်လို့မပျော်။


အခန်းကျယ်ကြီးထဲ တစ်ယောက်တည်း အိပ်ရတာ သိပ်တော့ အဆင်မပြေလှ။ မပြေဆို မအိပ်ခင် သရဲကား ကြည့်ထားမိသည်။


ညည့်က နက်သထက် နက်လာသလို အိပ်ပျော်ရန် ကြိုးစားရသည်မှာလည်း ခက်သထက် ခက်လာ၏။

Appaရှိလျှင် ကောင်းမည်။ သရဲကြောက်လို့ဟု အကြောင်းပြချက်ပေးကာ ဖက်ခိုင်းထားလို့ရသည်။ တွေးရင်း Appaကိုတောင် လွမ်းလာ၏။


သရဲကြောက်ပါသည်ဆိုမှ ရေကလည်း ဆာလာ၏။ အခန်းထဲရှိ ရေကရားထဲတွင် ရေ မရှိ။

သည်ပုံအတိုင်းဆို အောက်ဆင်းသောက်မှရမည်။

စိတ်တွေ ညစ်လိုက်လေခြင်း.....


ကြိတ်မှိတ် သည်းခံလို့ မရတော့သည့်အဆုံး အီပ်ယာမှ ထကာ အောက်ထပ်သို့ ကြောက်ကြောက်နှင့် ဆင်းရလေသည်။


ရေအသက် တစ်မနက်တဲ့.... သရဲ ကြောက်လို့ ရေ ထမသောက်ကာမှ ကိုယ်က သရဲ ဖြစ်သွားလိမ့်မည်။

ကြောက်တော့ ကြောက်သည်။ သို့သော်လည်း မတတ်နိုင်......

~

~

~

အိမ်တွင်း ထွန်းထားသော မီးရောင် မှိန်ပျပျ အားကိုးဖြင့် အောက်ထပ် ဆင်းကာ ရေသောက်အပြီး အပေါ်တက်မည်ကြံတော့ လှေကားထိပ်တွင် မြင်လိုက်ရသော အရိပ် မည်းမည်းတစ်ခု....


Once upon in April (boyxboy)CompleteWhere stories live. Discover now