Chapter(18)

277 28 3
                                    

Unicode Version

"Om အာ ဒီကို ဘာကိစ္စ ရှိလို့လဲ"

ခွေးချီသွားလျှင်တောင် သူ(မ)မျက်နှာကို ကျွန်တော် မှတ်မိ၏။ ပိုမို နုပျိုလာသည်မှလွဲ၍ မပြောင်းမလဲသေးသော သူ(မ)ဟာ ကျွန်တော့်ဆီကို ဘာကြောင့်ရယ်များ.....


"Ommaက သားဆီကို ကိစ္စရှိမှ လာရမှာလားကွယ်"

သနားစဖွယ် မျက်နှာကလေးနှင့် ပြောနေသော်ငြား ရင်ထဲမှ မပါသည့် စကားလုံးတွေမှန်း ကျွန်တော် ကောင်းကောင်းကြီးကို သိ၏။ ကိုယ့်အမေအကြောင်း ကိုယ်အသိဆုံးရယ်ပါ။


"ထမင်း များများ မစားဘူးလား သားလေးရယ်... ကြည့်ပါဦး။ ချောင်ကျသွားလိုက်တာ"

မျက်နှာပေါ်သို့ ခပ်ဖွဖွ လာအုပ်ကိုင်သော လက်တစ်စုံကို ညင်သာစွာ ဖယ်ခွာလိုက်လေတော့  သူ(မ)လက်သူကြွယ်မှ လက်စွပ်ကို မသိမသာ ထိမိသွား၏။


ဘာလဲ.... သူက နောက် အိမ်ထောင်တောင် ပြုလိုက်ပြီလား။ Appaနှင့် ကွာရှင်းပြီးတာတောင် တစ်နှစ် မပြည့်သေးသည်ကို....



"သားလေးက Ommaကို စိတ်ကောက်နေတာလား"

စိတ်ကောက်တာ မဟုတ်ဘူး။ စိတ်နာတာဟု ပြောပစ်လိုက်ချင်သည်။ ကွာရှင်းပြီးကတည်းက တစ်ခါလေးတောင် အဆက်အသွယ်မလုပ်၊ တစ်ရက်ကလေးပင် လူလုံးမပြခဲ့သည့် မိခင်ကို ကျွန်တော် စိတ်နာခွင့် ရှိသည်မလား.....

လှိုက်တက်လာသော ခံပြင်းမှုများကို တံတွေးနှင့် ပြန်မျိုချကာ မျက်နှာထားကိုသာ တည်ထားလိုက်မိသည်။ ကျွန်တော့်ရဲ့ မွေးမိခင်ဟူသည့် အသိစိတ်က သူ(မ)အပေါ် မရိုင်းပျမိစေနှင့်ဟု ဟန့်တားနေ၏။


"သားလေး ဗိုက်မဆာဘူးလား။ Ommaတို့ အရသာရှိတာ တစ်ခုခု သွားစားကြရအောင်"


လက်ဆွဲကာ ကားပေါ်သို့ တက်ခိုင်းနေသော သူ(မ)ထံမှ ရုန်းကာ ခပ်လှမ်းလှမ်း၌သာ ရပ်လိုက်မိသည်။

မလိုက်ချင်... သူ(မ)နှင့် တစ်မိနစ်လေးပင် အတူတူ ဆက်မရှိချင်။


"သားလေးရယ်.... အဲ့ဒီလိုကြီးတော့ မလုပ်လိုက်ပါနဲ့။ Omma မခံစားနိုင်လို့ပါ။ Omma သားလေးကို ပစ်ထားမိမှန်း သိပါတယ်။ အဲ့ဒီအတွက်လည်း တောင်းပန်ပါတယ်။ နောက် ပစ်မထားတော့ဘူးလေနော်... Ommaကို သနားပါဦး"


Once upon in April (boyxboy)CompleteTahanan ng mga kuwento. Tumuklas ngayon