Prologue

16.8K 724 18
                                    

Unicode


ဒီကမ္ဘာကြီးမှာ‌ ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ အယ်ဖာ, ဘီတာ နဲ့ အိုမီဂါဆိုပြီးတော့ထပ်ခွဲထားတယ်

အယ်ဖာတွေကိုအဆင့်အတန်းအမြင့်ဆုံးသူတွေအဖြစ်သတ်မှတ်ထားတယ် အောင်မြင်နေတဲ့သူတွေက အယ်ဖာမျိုးနွယ်ထဲမှာပါဝင်ကြတယ် ဉာဏ်ရည်, ကြွယ်ဝချမ်းသာမှု, အောင်မြင်မှု စတဲ့အရာအားလုံးနဲ့ပြည့်စုံတဲ့သူတွေလည်းဖြစ်ကြတယ်

အယ်ဖာတွေကအယောက်တစ်ရာမှာမှ ငါးယောက်လောက်ပဲရှိကြပြီး သူတို့ဟော်မုန်းတွေကအိုမီဂါတွေကိုသူတို့ဆီမှာကျရှုံးစေနိုင်တယ် အပြန်အလှန်ပဲ သူတို့ကိုယ်တိုင်လည်းအိုမီဂါတွေရဲ့ဟော်မုန်းအနံ့ကိုရရင် အိုမီဂါတွေဆီမှာကျရှုံးနိုင်တယ် ဒါပေမယ့်သူတို့ကိုသူတို့တည်ငြိမ်အောင်လုပ်ပြီး အိုမီဂါတွေရဲ့ဟော်မုန်းအနံ့ကိုတွန်းလှန်နိုင်တဲ့ဆေးရှိတယ်

ဘီတာတွေကတော့အလယ်အလတ်အတန်းအစားတွေထဲမှာပါတယ် သူတို့ကအောင်မြင်တဲ့သူတွေလည်းဖြစ်နိုင်သလို အရှုံးသမားတွေလည်းဖြစ်နိုင်တယ် ဒါမှမဟုတ်အလယ်အလတ်သမားတွေလည်းဖြစ်နိုင်တယ်

သူတို့ကလူဦးရေရဲ့ကိုးဆယ်ရာခိုင်နှုန်းလောက်ရှိတယ် သူတို့အယ်ဖာတွေရဲ့လွှမ်းမိုးမှုလည်းမခံရသလို အိုမီဂါတွေရဲ့လွှမ်းမိုးမှုလည်းမခံရဘူး သာမန်လူတွေလိုပဲ ယောက်ျားလေးနဲ့မိန်းကလေးလက်ထပ်ကြပြီး မိန်းကလေးတွေကကိုယ်ဝန်လွယ်ကြတယ်

အိုမီဂါတွေကအဆင့်အတန်းအနိမ့်ဆုံးဖြစ်ပြီး အယ်ဖာတွေနဲ့လုံးဝကိုဆန့်ကျင်ဘက်ဖြစ်တယ် သူတို့ဘယ်လောက်အလုပ်ကြိုးစားကြိုးစားအောက်ဆုံးပဲဖြစ်နေကြတုန်းပဲ အယ်ဖာတွေလိုပဲသူတို့ကလည်းလူဦးရေရဲ့ငါးရာခိုင်နှုန်းပဲရှိကြတယ် သူတို့မှာသားအိမ်ပါကြတာကြောင့် ကိုယ်ဝန်ရနိုင်ကြတယ်

အိုမီဂါတွေကတစ်လမှာခုနှစ်ရက်ဆက်တိုက် heat ဝင်ကြတယ် သူတို့ကိုတည်ငြိမ်အောင်လုပ်ဖို့လည်းဆေးရှိပေမယ့် အလွန်အကျွံသုံးမိရင်ခန္ဓာကိုယ်အတွက်မကောင်းပေ အဲ့လိုအချိန်မျိုးမှာသူတို့ကိုတည်ငြိမ်အောင်လုပ်ဖို့အထိရောက်ဆုံးနည်းလမ်းကတော့ အယ်ဖာတစ်ယောက်ယောက်နဲ့ sex လုပ်တာပဲဖြစ်တယ်

MY FUBU (Translation) (Completed)Where stories live. Discover now