Chapter - 34

3.4K 366 23
                                    

[Unicode]

Xiao Zhan ကိုဖုန်းဆက်လိုက်တဲ့နေ့ကစပြီး Wang Yibo ဘာလုပ်လုပ်တစ်လွဲတွေဖြစ်တော့တာပဲ သူ့စိတ်ထဲမှာ Xiao Zhan ကိုယ်စားဖုန်းဖြေပေးခဲ့တဲ့သူနဲ့ Xiao Zhan နဲ့ကြားကပက်သက်မှုကိုပဲစဥ်းစားနေမိတယ် ဒါပေမယ့်လည်းသူသွားမမေးရဲဘူး

Xiao Zhan က*ဟုတ်တယ် အဲ့ဒါငါ့ကောင်လေးလေ ငါရေချိုးနေလို့မင်းဖုန်းကိုမဖြေလိုက်ရဘူး sorry*လို့ပြန်ပြောလာမှာကိုတွေးကြောက်နေတယ် Xiao Zhan အကြောင်းသိချင်နေပေမယ့်လည်း မမေးရဲဘူးဖြစ်နေတယ်

Wang Yibo မျက်နှာကိုလက်နဲ့အုပ်ပြီးမျက်လံုးမှိတ်လိုက်တယ် ဒါပေမယ့်မျက်လံုးမှိတ်ထားတာတောင်မှသူ့မျက်လံုးထဲ Xiao Zhan ကိုပဲမြင်ယောင်နေမိတယ်

Wang Yibo ခါးသက်သက်ရယ်လိုက်ပြီး...
“fuck! မျက်လံုးမှိတ်ထားတာတောင်ဘာလို့မင်းကိုပဲမြင်ယောင်နေရတာလဲ?”

“ဆရာအဆင်ပြေရဲ့လား?”
Wang Yibo အတွင်းရေးမှူးကတံခါးမခေါက်ဘဲဝင်လာပြီးမေးတယ်

Wang Yibo မအံ့ဩတော့ပါဘူး သူမျက်လုံးမဖွင့်ဘဲလေသံမာမာနဲ့မေးလိုက်တယ်
“ဘာကိစ္စမို့လို့တံခါးမခေါက်ဘဲဝင်လာတာလဲ?”

အတွင်းရေးမှူးလေးကတုန်တုန်ယင်ယင်နဲ့...
“တောင်းပန်ပါတယ်ဆရာ ကျွန်တော်တံခါးခေါက်ပါသေးတယ် ဆရာဘာမှပြန်မဖြေတာနဲ့...”

Wang Yibo သက်ပြင်းချပြီးအတွင်းရေးမှူးကိုကြည့်တယ်

“ဘာပြောမလို့လဲ?”

“ကော်ဖီရပါပြီဆရာ”

Wang Yibo အတွင်းရေးမှူးလက်ထဲကကော်ဖီခွက်ကိုကြည့်လိုက်တယ်

Wang Yibo နားထင်ကိုနှိပ်ရင်း...
“ကော်ဖီကိုထားလိုက်တော့ အရက်တစ်ခုခုရှိလား ရှိတဲ့ဟာယူခဲ့”

“ဒါပေမယ့်ဆရာ...”

“ကိုယ့်နေရာကိုပြန်သွားလိုက်တော့ အကိုဆက်ပြောလိုက်မယ်”
ထိုအချိန် Hai Kuan ဝင်လာပြီးတော့ Wang Yibo အတွင်းရေးမှူးပုခုံးကိုပုတ်ပြီး တိုးတိုးပြောပြီးတော့ ကော်ဖီခွက်ကိုယူလိုက်တယ်

အတွင်းရေးမှူးကဦးညွတ်ပြီးတော့အခန်းထဲကထွက်သွားတယ်

“Bodi အလုပ်ချိန်မှာအရက်သောက်ရင်ဘာအလုပ်မှပြီးမှာမဟုတ်ဘူးနော်”

MY FUBU (Translation) (Completed)Where stories live. Discover now