Final

6.1K 429 21
                                    

[Unicode]

“လက္ဖက်ရည်သောက်လိုက်ဦး စိတ်လျှော့ထားနော် ဟုတ်ပြီလား?”
Xiaoမားကပြုံးပြီး Wang Yibo ကျောကိုပုတ်ပေးရင်းပြောတယ်

Wang Yibo ကျေးဇူးတင်ကြောင်းပြတဲ့အနေနဲ့ဦးညွတ်ပြီး Xiaoမားဆီကလက္ဖက်ရည်ခွက်ယူလိုက်တယ်

Wang Yibo ငိုထားတာကြောင့်မျက်လုံးတွေအစ်နေတယ် နာရီနဲ့ချီပြီးငိုထားတာတောင်အခုထိသူ့မျက်ရည်တွေကမကုန်နိုင်သေးဘူး ဆက်ကျနေတုန်းပဲ

Wang Yibo လက္ဖက်ရည်တောင်မသောက်နိုင်ဘဲ ခွက်ကိုစိုက်ကြည့်နေတယ် လက္ဖက်ရည်မျက်နှာပြင်ကိုကြည့်ရင်း Xiao Zhan ပုံကိုမြင်ယောင်လာတော့ရင်ဘတ်ထဲကနာလာပြန်တယ် Xiao Zhan ကိုထပ်မတွေ့ရတော့ဘူးဆိုတဲ့အသိကသူ့ကိုနှိပ်စက်နေတယ်

“ကျေးဇူးပြုပြီး ပြန်လာခဲ့ပါ”
Wang Yibo လက္ဖက်ရည်ခွက်ကိုတင်းနေအောင်ဆုပ်ကိုင်ရင်းတိုးတိုးလေးရေရွတ်တယ်

သူ Xiao Zhan ကိုအရမ်းတွေ့ချင်နေတယ် သူတို့ကြားကအထင်လွဲနေတဲ့ကိစ္စတွေကိုရှင်းပြချင်တယ် ကလေးလေးရှိနေတဲ့ဗိုက်လေးကိုလည်းကြည့်ချင်တယ် Xiao Zhan ကိုသူ့ကိုပိုပြီးတော့အားကိုးစေချင်တယ် ပြီးတော့ Xiao Zhan နဲ့ထာဝရအတူတူနေသွားချင်တယ်

“အဆင်ပြေသွားပြီလား?”
Xiaoမားကမီးဖိုခန်းထဲကထွက်လာပြီးမေးတယ်

Wang Yibo Xiaoမားကိုအပြုံးဖျော့ဖျော့လေးနဲ့ကြည့်ပြီးတော့ လက္ဖက်ရည်ခွက်ကိုပြန်ကြည့်တယ်

Xiaoမားပြုံးပြီး...
“ကလေးတုန်းကသားနဲ့ Zhanလေးနဲ့ဘယ်လောက်တောင်ခင်ခဲ့ကြလဲမှတ်မိသေးလား?”

“သားတို့နှစ်ယောက်ကိုခွဲလို့ကိုမရဘူး”
Xiaoမားကပြောပြီးရယ်တယ်

“နောက်တော့ဘွဲ့ရခါနီးမှာသားUSထွက်သွားတော့ Zhanလေးကဝမ်းနည်းနေတာ သူနှစ်ရက်လုံးအိပ်ပျော်နေရာကသားကိုမတွေ့လို့လေ”

“ကျွန်တော်တောင်းပန်ပါတယ်အန်တီ”
Wang Yibo ခေါင်းငုံ့သွားပြီးတောင်းပန်တယ်

“အန်တီသားကိုအပြစ်မပြောပါဘူး သားလည်းလန့်သွားမှာပဲလေ”

“Zhanလေးမှာသားကလေးရှိနေတယ်လို့ကြားတော့အန်တီပျော်သွားတာ သားမှာကောင်မလေးရှိနေတယ်လို့ပြောတာတောင်အန်တီမယုံခဲ့ဘူး သားZhanလေးကိုဘယ်လောက်တောင်ဂရုစိုက်တယ်ဆိုတာအန်တီသိတယ် Zhanလေးကသားအသည်းကျော်လေးလေ အန်တီပြောတာဟုတ်တယ်မလား?”

MY FUBU (Translation) (Completed)Where stories live. Discover now