Extra:Happy New Year

5.3K 398 33
                                    

[Unicode]

“တစ်ကယ်အဆင်ပြေရဲ့လား?”
Wang Yibo ပန်းကန်တွေကိုစားပွဲပေါ်နေရာချရင်း သူနဲ့အတူထမင်းပွဲပြင်နေတဲ့ Xiao Zhan ကိုကြည့်ပြီးမေးလိုက်တယ်

Xiao Zhan ကအချိန်မရွေးကလေးမွေးနိုင်တဲ့အခြေအနေမှာဆိုတော့ သူအလုပ်အလွန်အကျူးလုပ်နေမိမှာကို Wang Yibo စိုးရိမ်ပြီး Xiao Zhan ကိုပဲလိုက်ကြည့်နေတယ်

“လုံးဝအဆင်ပြေတယ် တွေ့လား?”
Xiao Zhan ပန်းကန်လုံးတစ်လုံးကိုင်ပြပြီး ရယ်ပြီးတော့ပြောတယ်

“ဒါပေမယ့်ဆေးရုံမှာနေတာပိုမကောင်းဘူးလား?”

“နှစ်သစ်ကိုဆေးရုံမှာနေရမှာလား ဟွန့် လုံးဝပဲ”
Xiao Zhan နှုတ်ခမ်းဆူလာပြီး မကျေမနပ်ပြောတယ်

Wang Yibo သက်ပြင်းချပြီး ဒီစကားပြိုင်ပွဲမှာသူရှံုးတာကိုလက်ခံလိုက်ရတယ် သူလည်း Xiao Zhan ကိုနှစ်သစ်မှာအိမ်မှာနေစေချင်ပေမယ့် သူတို့ဒုတိယကလေးကိုယ်ဝန်နဲ့ပက်သက်ပြီး Xiao Zhan တစ်ခုခုဖြစ်သွားမှာပိုစိုးရိမ်နေတယ်

Wang Yibo Xiao Zhan နဖူးကိုနမ်းလိုက်ပြီးပြုံးတယ်

“ok ok”
Wang Yibo ပြောပြီးတော့ Xiao Zhan နဖူးကိုထပ်နမ်းတယ်

“အခုတော့ဧည့်ခန်းထဲမှာသွားနားနေလိုက်နော်”

Xiao Zhan စိတ်ချရအောင်လို့ Wang Yibo သူတစ်ယောက်တည်းလုပ်နိုင်ကြောင်းပြောတဲ့အနေနဲ့ပြုံးပြလိုက်တယ်

“ဒါပေမယ့်ဒီမှာအကုန်အဆင်ပြေတာသေချာအောင်ကြည့်ချင်လို့ကို”

Xiao Zhan လက်ကုုပိုက် နှုတ်ခမ်းကိုဆူပြီးပြောနေတာကိုကြည့်ပြီး Wang Yibo ရယ်တယ်

“အင်းအင်း အာ့ဆိုဒီမှာထိုင်ပြီးတော့ကြည့် ဟုတ်ပြီလား?”
Wang Yibo ပြောပြီးတော့ Xiao Zhan နဖူးကိုနမ်းတယ်

Xiao Zhan ရယ်ပြီးတော့ ထမင်းစားပွဲမှာထိုင်လိုက်ပြီး Wang Yibo ပြင်ဆင်နေတာကိုကြည့်နေတယ်

---------------------------------

သူတို့ပြင်ဆင်လို့ပြီးခါနီးလေးမှာတံခါးဘဲလ်သံမြည်လာတယ် Xiao Zhan တံခါးသွားဖွင့်မလို့လုပ်လိုက်ပေမယ့် Wang Yibo တားလိုက်တယ်

“ဒီမှာပဲထိုင်နေ ကိုယ်သွားဖွင့်လိုက်မယ်”

Wang Yibo တံခါးသွားဖွင့်တော့ Xiao Zhan မိဘတွေနဲ့သူတို့သူငယ်ချင်းမိသားစုတွေကိုတွေ့လိုက်တယ်

MY FUBU (Translation) (Completed)Where stories live. Discover now