Chapter - 32

3.5K 366 4
                                    

[Unicode]

မနက် Xiao Zhan နိုးလာတော့သူ့ဘေးမှာ Wang Yibo ကိုတွေ့လိုက်ရတာကြောင့်မျက်လုံးပြူးသွားပြီး ထဖို့ကြိုးစားလိုက်ပေမယ့် Wang Yibo ကသူ့ခါးကိုဖက်ထားတယ်

Xiao Zhan သက်ပြင်းချလိုက်တယ်

“ငါ့heatကလည်း Wang Yibo သူ့ကောင်မလေးနဲ့တွေ့ပြီးပြန်လာတဲ့အချိန်မှဖြစ်ရလား?”

ထို့နောက် Xiao Zhan သူ့ခါးပေါ်က Wang Yibo လက်ကိုကြည့်ပြီး...
“ငါ့ကိုဒီလိုနူးနူးညံ့ညံ့လေးဖက်မထားနဲ့လေ ငါမင်းကိုပိုချစ်မိသွားအောင်လုပ်နေတာပဲ”

မနေ့ကမြင်ကွင်းကိုပြန်မြင်ယောင်လာပြီး ရင်ဘတ်ထဲကအောင့်လာတာကြောက့် Xiao Zhan မျက်နှာကိုလက်နဲ့အုပ်လိုက်တယ်

Xiao Zhan သက်ပြင်းချပြီး Wang Yibo မနိုးအောင်သူ့ခါးပေါ်ကလက်တွေကိုဖြည်းဖြည်းချင်းဖယ်လိုက်တယ်

Xiao Zhan မတ်တပ်ရပ်လိုက်တော့သူ့ခြေထောက်ပေါ်ကိုစီးကျလာတဲ့အရည်တွေကြောင့်မျက်မှောင်ကြုတ်သွားတယ် Xiao Zhan စုတ်သပ်ပြီးမိမွေးတိုင်းဖမွေးတိုင်းဖြစ်နေတဲ့သူ့ခန္ဓာကိုယ်ကိုဖုံးဖို့တစ်ခုခုရှာလိုက်တယ်

ထို့နောက် Xiao Zhan ရေချိုးခန်းထဲဝင်သွားတယ်

“ငပျင်းကောင် မအိပ်ခင်ငါ့ကိုသန့်ရှင်းရေးလေးတော့လုပ်ပေးသင့်ပါတယ်”

Xiao Zhan သူ့ခန္ဓာကိုယ်ကိုသန့်ရှင်းနေရင်း...
“ငါ့ကိုဆေးရောတိုက်လိုက်သေးရဲ့လား?”

“တိုက်‌လောက်မှာပါ”
Xiao Zhan ပုခုံးတွန့်ပြီးပြောပြီးတော့ ရေဆက်ချိုးတယ်

ရေချိုးပြီးတော့မနက်စာပြင်ဖို့ Xiao Zhan အောက်ထပ်ဆင်းသွားတယ် Xiao Zhan အေပရွန်ဝတ်ပြီးမနက်စာပြင်နေတုန်းအတွေးတစ်ခုခေါင်းထဲဝင်လာတယ်

“သူ့မှာရည်းစားရှိတယ်ဆိုရင် အဲ့ကောင်မလေးကိုဘာလို့အိမ်မခေါ်လာတာလဲ?”

အဲ့လိုတွေးလိုက်ရုံနဲ့တင်နာကျင်ရတယ်ဆိုပေမယ့်လည်း ဒီမေးခွန်းအတွက်အဖြေကိုသူလိုချင်နေတုန်းပဲ

“ငါရှုပ်နေလို့ဖြစ်မယ်”

Xiao Zhan လှုပ်ရှားမှုတွေအကုန်ရပ်သွားပြီး ဟင်းသီးဟင်းရွက်တွေကိုစိုက်ကြည့်နေတယ်

MY FUBU (Translation) (Completed)Where stories live. Discover now