Chapter - 15

4.5K 421 7
                                    

[Unicode]

Xiao Zhan အိမ်သန့်ရှင်းရေးလုပ်ပြီးတော့ ညစာစားဖို့ထည့်နေတယ်

“အင်း..တော်ပြီ”

သူစားနိုင်သလောက်ထည့်ပြီးတော့ကျန်တာကို Wang Yibo ပြန်လာရင်စားဖို့ထားလိုက်တယ် Xiao Zhan ထမင်းစားပွဲမှာထိုငိပြီး ညစာစားပြီးတော့ ပန်းကန်ဆေးတယ်

ထို့နောက်ရေချိုးခန်းထဲသွားပြီးရေချိုးတယ် Xiao Zhan ရေချိုးနေရင်းခေါင်းထဲကိုအတွေးတစ်ခုဝင်လာတယ်

“Yibo ပြောတာတော့မနေ့ညကလကလှတယ်တဲ့ ငါဒီညသူ့ကိုစောင့်ရင်းနဲ့လကြည့်ရင်ကောင်းမလား?”

“အင်း ကြည့်လိုက်ပါမယ်လေ မဟုတ်လည်းတစ်ခြားလုပ်စရာမှမရှိတာ”

နောက်မိနစ်ပိုင်းလောက်ကြာတော့ Xiao Zhan bathrobeနဲ့ထွက်လာတယ် အခန်းထဲမှာမီးမဖွင့်ထားပေမယ့် လရောင်ကြောင့်အနည်းငယ်လင်းနေပြီး ဘယ်နေရာဘာရှိတယ်ဆိုတာကိုမြင်နိုင်တယ်

“တစ်ကယ်လှတာပဲ”
Xiao Zhan ခုံတစ်လုံးဆွဲရင်းမှန်ပြတင်းနားသွားပြီးတော့ လိုက်ကာဖွင့်လိုက်တယ်

Xiao Zhan လကြည့်ရင်း...
“လှလိုက်တာ ဒီကြားထဲဘာပြသာနာမှမဖြစ်ခဲ့သလို စိတ်ထဲအေးချမ်းသွားတာပဲ”

----------------------------

တစ်နာရီကြာတဲ့အထိ Xiao Zhan လဆီကအကြည့်မခွာနိုင်ခဲ့ လရဲ့အေးချမ်းတဲ့အလှမှာနစ်မြောနေခဲ့တယ် ရုတ်တရက်သူ့ခေါင်းထဲကိုအတွေးတစ်ခုဝင်လာတယ်

“Yiboအလုပ်လုပ်နေတုန်းလား?”
Xiao Zhan ကိုယ့်ကိုယ်ကိုပြန်မေးပြီး ဖုန်းရှာနေတယ်

ကုတက်ပေါ်ကဖုန်းကိုတွေ့တော့ Xiao Zhan ယူပြီးဖွင့်ကြည့်လိုက်တယ် ဖုန်းထဲမှာဘာnotiမှရှိမနေ

“အချိန်ပိုလုပ်မယ်ဆိုပြီးလည်းငါ့ကိုမပြောထားဘူး”

Xiao Zhan contact ထဲမှာ Wang Yibo ဖုန်းနံပါတ်ကိုရှာပြီးဆက်လိုက်တယ်

စက္ကန့်ပိုင်းလောက်နေတော့တစ်ဖက်ကဖုန်းကိုင်လာတယ်

“အင်း”

Xiao Zhan တစ်ဖက်ကအသက်ရှူသံပြင်းပြင်းတွေနဲ့ ညည်းသံကိုကြားနေရတာကြောင့် မျက်မှောင်ကြုတ်သွားတယ်

MY FUBU (Translation) (Completed)Where stories live. Discover now