Chapter - 11

4.7K 498 10
                                    

[Unicode]

Xiao Zhan လက်ကို‌ခေါင်းပေါ်မြှောက်လို့အပျင်းကြောဆန့်ရင်း...
'အပြင်ထွက်ရတာကောင်းလိုက်တာ'

Xiao Zhan အခု mallတစ်ခုထဲမှာရောက်နေတယ် သူငယ်ချင်းတွေကလည်းသူ့မိသားစုနဲ့သူရှုပ်နေတာကြောင့် မခေါ်တော့ဘဲသူတစ်ယောက်တည်းထွက်လာလိုက်တာဖြစ်တယ်

သူ့သူငယ်ချင်း Zhuocheng နဲ့ Yibo သူငယ်ချင်းလည်းဖြစ် စီးပွားရေးပါတနာလည်းဖြစ်တဲ့ Haikuan တို့လင်လင်နှစ်ယောက်ကသူတို့ကလေးတွေနဲ့သူတို့အလုပ်ရှုပ်နေကြတယ် သူတို့တတိယကလေးနဲ့ရောပေါ့

ကောလိပ်က သူ့ဂျူနီယာ Yubin ကသူ့မိန်းမလေးနဲ့ဟန်းနီးမွန်းထွက်နေတယ်

သူ့ကောလိပ်ကစီနီယာ Xuan Lu က သူ့အတန်းထဲက Yuchen ဆိုတဲ့သူမယောက်ျားရယ် သူတို့ကလေးရယ်နဲ့အတူ နိုင်ငံခြားကိုသွားလည်ကြတယ်

'သူတို့ကတော့သူတို့မိသားစုတွေနဲ့ပျော်နေကြတယ် ငါကျတော့အချစ်ဆုံးသူငယ်ချင်းနဲ့ fuck buddy ဖြစ်နေတယ် ငါ့ဖူးစာရှင်လေးကဘယ်ရောက်နေတာလဲ??'

'အင်း...ငါ့အတွက်တော့အချစ်စစ်ဆိုတာမရှိဘူးနဲ့တူပါတယ်'

သူ Yibo အိမ်မှာအိမ်တွင်းပုန်းလုပ်နေတာတစ်လရှိပြီ တစ်နေ့တစ်နေ့အိပ်လိုက် စားလိုက်လုပ်နေရတာပျင်းလာတာနဲ့အပြင်ထွက်လည်တာဖြစ်တယ်

လွန်ခဲ့တဲ့အပတ်တွေတုန်းက သူကနေ့ဘက်ဆိုနားတယ် ညဘက် Yibo ပြန်လာပြီဆိုသူတို့အဲ့ဒါကိုလုပ်ကြတယ်

'ငါတို့ဒီ‌လောက်လုပ်နေတာတောင် ငါ့ခန္ဓာကိုယ်ကျိုးကြေမသွားတာကျေးဇူးတင်ရမယ် အင်း...ဘာပဲဖြစ်ဖြစ်ငါ့အတွက်အကျိုးရှိပါတယ် ဘယ်အချိန်heatဝင်မလဲဆိုတာမသိနိုင်တော့ သူ့ဟော်မုန်းနဲ့ဆိုဆေးသောက်စရာမလိုဘဲထိန်းထားနိုင်တယ် ငါ့ကိုအမှတ်မပေးမိအောင်လည်းလည်ကပ်ဝယ်ပေးထားသေးတယ်'

'အင်း...ဘယ်ကစလည်ရင်ကောင်းမလဲ?'

Xiao Zhan mallကိုမျက်လုံးဝေ့ကြည့်ပြီးတော့ဖိနပ်ဆိုင်မှာအကြည့်ရပ်သွားတယ်

'ဒီလအတွက် limited edition တစ်ခုခုရှိလောက်တယ် ငါနဲ့တော်ရင်ဝယ်ရမယ်'

MY FUBU (Translation) (Completed)Where stories live. Discover now