Chapter - 1

8.9K 801 14
                                    


Unicode


"ပင်ပန်းလိုက်တာ heat ဝင်မယ့်ရက်ကလည်းနီးနေပြီ တော်သေးတာပေါ့ဆေးကြိုသောက်ထားလို့ နို့မို့ဆိုဝန်ထမ်းတွေကိုဒုက္ခပေးမိတော့မှာ "

Xiao Zhan သူ့အခန်းသွားဖို့ဓာတ်လှေကားစီးရင်းကိုယ့်ကိုယ်ကိုပြောတယ်

Xiao Zhan လက်ထဲမှာလည်းညစာချက်ဖို့ဟင်းချက်စရာတွေပါတယ် ဘီတာဖြစ်တဲ့သူ့ကောင်လေး Leo ကဒီညသူ့ဆီလာမယ်လို့ပြောထားတာ

Xiao Zhan ဒီညအချိန်ပိုဆင်းရမယ်လို့သူ့ကောင်လေးကိုပြောထားပေမယ့် သူအလုပ်တွေကိုအချိန်မှန်လုပ်လိုက်နိုင်လို့ ပုံမှန်အချိန်အတိုင်းပဲအိမ်ကိုပြန်လာဖြစ်သွားတယ်

Xiao Zhan လက်အကြောဆန့်ပြီးသမ်းလိုက်ပြီးနောက်...

"ဘာလို့ဒီညလာမှာလဲမသိဘူး? ပိုက်ဆံတောင်းဖို့ပဲဖြစ်နိုင်တယ် အင်းလေ သူလာတိုင်းပိုက်ဆံတောင်းနေကြပဲကို အထူးအဆန်းမှမဟုတ်တော့တာ"

Xiao Zhan သက်ပြင်းချလိုက်ပြီး...

"အဲ့ပိုက်ဆံလောက်လေးနဲ့ဒေဝါလီခံစရာမလိုပေမယ့်လည်းပေါ့"

တင်!

Xiao Zhan ပထမထပ်ကိုရောက်တော့ဓာတ်လှေကားထဲကထွက်လိုက်တယ် သူတံခါးအနည်းငယ်ကိုဖြတ်ကျော်ပြီးတော့သူ့အခန်းကိုရောက်လာတယ် Xiao Zhan တစ်ခုခုတော့ထူးဆန်းနေတယ်ဆိုတာသိလိုက်ပေမယ့် ချက်ချင်းပဲမေ့ပစ်လိုက်တယ်

Xiao Zhan ကဒ်နဲ့အခန်းတံခါးဖွင့်ပြီးတော့ ဝင်သွားပြီးတံခါးပြန်ပိတ်လိုက်တော့လည်း တစ်ခုခုထူးဆန်းနေတာကိုခံစားမိပြန်တယ် မီးတွေဖွင့်ထားပေမယ့်ဧည့်ခန်းကတိတ်ဆိတ်နေတယ် ပုံမှန်ဆို Leo ကဧည့်ခန်းမှာတီဗီကြည့်ရင်းသူပြန်လာတာကိုစောင့်နေကျ

Xiao Zhan မျက်မှောင်ကြုတ်သွားတယ် သူမီးဖိုခန်းထဲဝင်သွားကြည့်ပြန်တော့လည်း Leo အရိပ်အယောင်မတွေ့ရ

"ငါ့အခန်းထဲမှာလား? အိပ်နေတာဖြစ်မယ်ထင်တယ်"

Xiao Zhan သမ်းလိုက်ပြီး...

"တစ်ကိုယ်လုံးလည်းစေးကပ်စေးကပ်နဲ့ရေချိုးဦးမှပါပဲ"

Xiao Zhan နဲ့ Leo တွဲလာတာတစ်နှစ်ကျော်လာပြီဆိုပေမယ့် သူတို့တစ်ခါမှအိပ်ရာပေါ်ကကိစ္စတွေမလုပ်ဖူးဘူး Leo ပြောတာကတော့သူက Xiao Zhan ကိုတန်ဖိုးထားတာကြောင့် လက်ထပ်ပြီးမှအတူနေကြမယ်တဲ့ Xiao Zhan ကလည်းသူ့ကိုဒီလိုစဉ်းစားပေးတဲ့ရည်းစားမျိုးရှိနေတာကိုအိပ်မက်တစ်ခုလိုပဲသတ်မှတ်ထားတယ် အဲ့ဒါကြောင့်လည်းသူတို့ဒီအချိန်ထိလက်တွဲလာနိုင်တာပင်

MY FUBU (Translation) (Completed)Where stories live. Discover now