Chapter - 2

7.3K 699 20
                                    


Unicode


"Leo စောက်သူတောင်းစားကောင်"

ကောင်တာမှာထိုင်နေတဲ့ကောင်လေးကထအော်တယ်

ခုနလေးကမှဆိုင်ထဲဝင်လာတဲ့ Wang Yibo ကစားသုံးသူတစ်ချို့ရဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့ကောင်လေးကိုကြည့်လိုက်တယ်

"ဝိုး..ပြင်းသားပဲ"

ထိုကောင်လေးကရယ်လိုက်ပြီး...

"နောက်တစ်ခွက်"

'သူမူးနေပြီ အခုမရပ်ရင်အဲ့မှာလဲကျသွားတော့မယ်'

Wang Yibo ကကောင်တာကကောင်လေးကိုကြည့်ပြီးတွေးလိုက်တယ်

'သူ့ကြည့်ရတာရင်းနှီးနေသလိုပဲ'

မီးအလင်းရောင်မှိန်မှိန်လေးပဲရှိတဲ့ပတ်ဝန်းကျင်ကြောင့် Wang Yibo အဲ့ကောင်လေးကိုကောင်းကောင်းမမြင်ရပေမယ့် အဲ့ကောင်လေးရဲ့ပုံစံကသူနဲ့ရင်းနှီးတယ် ဒါပေမယ့်သူအဲ့အကြောင်းကိုခေါင်းထဲကထုတ်လိုက်တယ်

'ငါနဲ့မှဘာမှမဆိုင်တာ'

Wang Yibo ကအခုမှအမေရိကားကပြန်ရောက်တာဖြစ်ပြီး သူအနားယူနေတာကို သူမသိတဲ့ငိုနေတဲ့ကောင်လေးတစ်ယောက်ဖျက်ဆီးမှာကိုမခံနိုင်ဘူး

bartender ကထိုကောင်လေးကိုနောက်တစ်ခွက်ထပ်ပေးတယ်

ချိုမြိန်တဲ့အနံ့လေးကိုရတော့ Wang Yibo မျက်လုံးပြူးသွားတယ် အဲ့အနံ့ကကောင်တာမှာထိုင်နေတဲ့ကောင်လေးမူးနေပြီး မထိန်းချုပ်နိုင်ဘဲထွက်လာတဲ့ဟော်မုန်းနံ့ပင် Wang Yibo ထိုကောင်လေးကိုကြည့်လိုက်ပေမယ့် သူ့ပုံစံကအဲ့ဒါကိုဂရုစိုက်နေတဲ့ပုံမဟုတ်ဘူး

Wang Yibo ချက်ချင်းကာကွယ်ဆေးထုတ်လိုက်ပြီးလက်မောင်းကိုထိုးလိုက်တယ် အခုဆိုရင်သူအဲ့ကောင်လေးအနံ့ကိုခုခံနိုင်သွားပြီဖြစ်တယ်

"ငါသူ့ကိုအကုန်ပေးခဲ့တာ *ဟစ်* ဘာလို့ငါ့ကိုအဲ့လိုလုပ်ရတာလဲ?"

"ငါကဆွဲဆောင်မှုမရှိလို့လား? အိပ်ရာပေါ်ကကိစ္စတွေမှာမတော်လို့လား?"

ကောင်လေးကပြောနေရာကခဏရပ်သွားပြီးနောက်ရယ်ရင်း...

"အိုး...သူမှငါနဲ့မလုပ်ဖူးတာ *သူက ငါပိုက်ဆံချေးလို့ရလား? ငါပြန်ပေးမှာပါ ကတိ*"

MY FUBU (Translation) (Completed)Where stories live. Discover now