Chapter - 27

3.4K 347 14
                                    

[Unicode]

Xiao Zhan နိုးလာတော့သူ့ဘေးကနေရာကလွတ်နေတာကိုသိလိုက်တယ်

“မနက်အစောကြီးထွက်သွားပြီလား?”

Xiao Zhan အပျင်းကြောဆန့်ပြီးထလိုက်ပြီးတော့ မီးဖိုခန်းဆီသွားတယ် သူတို့ကမီးဖိုခန်းဆီသွားဖို့ဧည့်ခန်းကိုအရင်ဖြတ်ရတယ် Xiao Zhan ဧည့်ခန်းကိုဖြတ်သွားတော့ကြည့်တဲ့သူမရှိဘဲတီဗီကြီးဖွင့်ထားတာကိုတွေ့လိုက်ရတယ် Wang Yibo များမီးဖိုခန်းထဲရှိမလားလို့ချောင်းကြည့်ဝောာ့လည်းမရှိဘူး

“နမောနမဲ့နဲ့ တီဗီကိုဖွင့်ထားခဲ့တယ်”

Xiao Zhan တီ‌ဗီပိတ်ဖို့ရီမုဒ်ယူဖို့လုပ်တော့ ဆိုဖာပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Wang Yibo ကိုမြင်ပြီးအံ့ဩသွားတယ်

“သူကဘာလို့ဒီမှာလာအိပ်နေတာလဲ?”
Xiao Zhan ကိုယ့်ကိုယ်ကိုစိတ်ရှုပ်ထွေးစွာပြန်မေးတယ်

Xiao Zhan Wang Yibo ကိုင်ထားတဲ့ရီမုဒ်ကိုယူပြီးတီဗီပိတ်လိုက်ပြီးတော့ Wang Yibo ကိုပုခုံးပုတ်ပြီးနှိုးလိုက်တယ်

“Bo! ထတော့!”

“ဟင်းးး...”
Wang Yibo အပျင်းကြောဆန့်ပြီးတော့ မျက်လုံးဖြည်းဖြည်းချင်းဖွင့်တယ်

“ဘာလို့ဒီမှာအိပ်နေတာလဲ?”

“မသိဘူး...”

Wang Yibo ပျင်းရိပျင်းတွဲနဲ့မတ်တပ်ထရပ်တယ် သူ့တစ်ကိုယ်လုံးလည်းကိုက်ခဲနေတယ်

“မင်းပုံစံကပင်ပန်းနေတဲ့ပုံနဲ့ အခန်းထဲမှာအိပ်ရင်ဒီလိုဖြစ်မှာမဟုတ်ဘူး”

Wang Yibo ကဘာမှပြန်မပြောဘဲမီးဖိုခန်းထဲသွားဖို့လုပ်တော့ Xiao Zhan မျက်မှောင်ကြုတ်သွားပြီး Wang Yibo လက်မောင်းကိုကိုင်ပြီးတားလိုက်တယ်

“မင်းအခန်းထဲသွားနားလိုက် ငါမနက်စာပြင်ထားမယ် ကုမ္ပဏီကဘယ်အချိန်သွားရမှာလဲ?”

“ရှစ်နာရီ”

“အခုမှခြောက်နာရီပဲရှိသေးတယ် ပြန်အိပ်လိုက်ဦး ခုနှစ်နာရီမှငါလာနှိုးမယ်”

“ok”

Xiao Zhan အပေါ်ထပ်တက်သွားတဲ့ Wang Yibo ကိုခေါင်းခါပြီးကြည့်လိုက်တယ် အပေါ်ထပ်ကအခန်းတံခါးပိတ်သံကြားမှသူလည်းမီးဖိုခန်းထဲဝင်သွားတယ်

MY FUBU (Translation) (Completed)Where stories live. Discover now