Chapter _ 4

6.3K 623 23
                                    

[Unicode]

ဟမ်..ဘာလို့အဲ့လောက်လင်းနေတာလဲ? Xiao Zhan ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက်တော့ နေရောင်ကသူ့မျက်နှာပေါ်တိုက်ရိုက်ကျနေတာကိုသိလိုက်တယ်

“အဲ့ဒါကြောင့်ငါ့အခန်းမှာလိုက်ကာတပ်ထားတာ”

ပြောပြီးတော့မှ Xiao Zhan သူအခုရှိနေတာသူ့အခန်းမဟုတ်တာကိုသတိထားမိပြီး မျက်လုံးပြူးသွားတယ်

Xiao Zhan အခန်းပတ်ပတ်လည်ကိုမျက်လုံးကစားလိုက်ပြီး...
‘ဒီအခန်းပုံစံကိုမသိဘူး ငါဘယ်ရောက်‌‌နေတာလဲ?’

‘Fuck ခေါင်းကိုက်လိုက်တာ မနေ့ကသောက်တာများသွားလို့များလား *ကျစ်* အဲ့လောက်မသောက်‌လိုက်သင့်ဘူး အခုတော့ခေါင်းကိုက်နေပြီ’

Xiao Zhan မျက်မှောင်ကြုတ်ပြီးအိပ်နေရာကထလိုက်တယ်

‘ဒီကိုတစ်ယောက်ယောက်ခေါ်လာတာများလား? ဘယ်သူဖြစ်နိုင်မလဲ?’

Xiao Zhan ချက်ချင်း‌ဆိုသလိုသူ့လည်ပင်းကိုစမ်းကြည့်တယ် လည်ပင်းမှာဘာအမှတ်မှရှိမနေတာသိရတော့မှပဲ Xiao Zhan တစ်ယောက်သက်ပြင်းချနိုင်တော့တယ်

‘တော်သေးတယ် ငါ့ကိုဒီခေါ်လာတဲ့သူကဘယ်သူပဲဖြစ်ဖြစ်မကောင်းတဲ့ရည်ရွယ်ချက်ရှိပုံမရဘူး ကြည့်ရတာ အိုမီဂါ ဒါမှမဟုတ် ဘီတာဖြစ်လောက်မယ်ထင်တယ် ဘာပဲဖြစ်ဖြစ်အခုလိုငါဘာမှမဖြစ်ဘဲရှိ‌‌နေတာကျေးဇူးတင်ရမှာပဲ’

Xiao Zhan အေးသလိုခံစားလာရတာကြောင့်သူ့ကိုယ်သူပြန်ကြည့်လိုက်တော့ သူမြင်လိုက်ရတဲ့အရာကြောင့်အံ့ဩသွားတော့တယ်

‘what the fuck ငါကဘာလို့nakedဖြစ်နေရတာလဲ အဲ့ဒါဆိုသူ့မှာမကောင်းတဲ့ရည်ရွယ်ချက်ရှိနေခဲ့တာပေါ့’

ချက်ချင်းဆိုသလို Xiao Zhan သူ့ကိုယ်ပိုင်တွင်းပေါက်လေးမှာ တစ်ဘက်လူရဲ့ပြီးမြောက်ခြင်းအရည်တွေရှိနေမလား‌လို့ ကြည့်လိုက်တယ် ကံကောင်းစွာနဲ့ပဲဘာမှမရှိဘဲသန့်ရှင်းနေခဲ့တယ် ကြည့်ရတာသန့်ရှင်းရေးလုပ်ပေးထားပုံပေါ်တယ်

Xiao Zhan လက်တွေဆန့်လို့အပျင်းကြောဆန့်လိုက်ရင်း မျက်လုံးဝေ့ကြည့်ပြီးသူ့အဝတ်တွေရှာတော့ ကြမ်းပြင်ပေါ်မှာဘာအဝတ်မှမရှိဘဲရှင်းလင်းနေတာကိုတွေ့လိုက်ရတယ်

MY FUBU (Translation) (Completed)Where stories live. Discover now