Chapter - 41

4.6K 395 5
                                    

[Unicode]

“သားလေး အာ..”

Zhuocheng ကသူ့ဒုတိယကလေး Zhen Chen ကိုထမင်းကျွေးနေတုန်း Xiao Zhan ကကလေးအကြီးဆုံး Cheng နဲ့ကစားနေတယ်

“ဦးဦးZhan သားကိုကြည့်”
Cheng က Xiao Zhan ရှေ့မှာကပြရင်းရယ်ပြီးပြောတယ်

“တော်တယ်! တော်တယ်!”

‘ကလေးဒီလိုပျော်နေတာကိုမြင်ရမယ်ဆိုရင်ကလေးကိုတစ်ယောက်ထဲပြုစုရမှာမကောင်းတာတော့မဟုတ်ပါဘူး’
Xiao Zhan Cheng ကတာကိုလက်ခုပ်တီးပြီးအားပေးနေရင်းတွေးနေမိတယ်

“ဦးဦးZhan ကိုပင်ပန်းအောင်မလုပ်နဲ့နော် ok?”

Zhuocheng စကားကြောင့် Cheng ကနေတာရပ်သွားပြီး Zhuocheng ကိုခေါင်းစောင်းပြီးလှည့်ကြည့်တယ်

“ဘာလို့လဲမာမား?”

“ဦးဦးZhan မှာမကြာခင်ကလေးလေးရှိလာတော့မှာ”

“Xuanလေးတုန်းကလိုလား?”

“ဒါပေါ့ အဲ့ဒါကြောင့်ဦးဦးZhanပင်ပန်းအောင်မလုပ်နဲ့နော်”

ကလေးဆိုတဲ့စကားလည်းကြားရော Cheng ပါးစပ်ဟပြီးအံ့ဩနေရာက မျက်လုံးတွေအရောင်တောက်သွားတယ်

“ဦးဦးZhanကိုသားကာကွယ်မှာ!”

Cheng Xiao Zhan ဆီပြေးသွားပြီး သူ့လက်သေးသေးလေးတွေနဲ့လာဖက်တာကြောင့် Xiao Zhan ရယ်တယ်

“အင်း Cheng Cheng ကဦးဦးကိုကာကွယ်ပေး”
Xiao Zhan က Cheng ကိုရယ်ပြီးပြောရင်းကလိထိုးတော့ Cheng ကလည်းရယ်တယ်

ထိုအချိန်တံခါးဖွင့်သံကြားလိုက်ရတာကြောင့်သူတို့တံခါးဘက်ကိုကြည့်လိုက်တယ်

“honey ကိုယ်ပြန်လာပြီ”

Haikuan အသံကြားတော့ Zhuo Cheng Zhen Chen ကိုထမင်းကျွေးနေတဲ့ပန်းကန်နဲ့ဇွန်းကိုချခဲ့ပြီးတော့ Haikuan ဆီသွားတယ် ထို့နောက် Haikuan ပါးကိုနမ်းပြီးတော့လည်ပင်းကိုသိုင်းဖက်လိုက်တယ်

“ဘာဖြစ်နေတာလဲ?”

“ကိုယ်တို့ Yibo ကိုဆက်သွယ်လို့မရသေးလို့ အလုပ်မလာတာလည်းသုံးရက်တောင်ရှိပြီ ဖုန်းဆက်တာလည်းမကိုင်ဘူး ကိုယ်သူ့အိမ်တောင်သွားခဲ့သေးတယ် ကားဂိုထောင်ကပွင့်နေပြီး ကားလည်းမရှိဘူး ဘယ်သွားနေတာလဲမသိဘူး”
Haikuan ပြောပြီးတော့နားထင်ကိုနှိပ်တယ်

MY FUBU (Translation) (Completed)Where stories live. Discover now