Chapter - 6

5.9K 576 36
                                    

[Unicode]

“အား...ရေလေးကကောင်းလိုက်တာ”
ရေချိုးခန်းထဲမှာသီချင်း‌အေးအေးလေးဖွင့်ထားပြီး Xiao Zhan ရေစိမ်နေတာတစ်နာရီလောက်ရှိနေပြီ

သူ Wang Yibo အတွက်လည်းညစာပြင်ပြီးသွားပြီ Wang Yibo ကအိမ်ပြန်နောက်ကျမယ်ဆိုတော့ Xiao Zhan လည်းညစာမစားခင်ရေအရင်စိမ်နေလိုက်တာ

ရေအကြာကြီးချိုးပြီးတော့ Xiao Zhan bathtub ထဲကထွက်လာပြီး တဘက်တစ်ထည်နဲ့ရေသုတ်နေတယ်

“သူတစ်ယောက်တည်းနေတဲ့အပြင် အိမ်မှာလည်းမရှိတာကများတဲ့ဟာကို အိမ်အကြီးကြီးဝယ်ထားတယ် ဖြုန်းတီးလိုက်တာ...”
Xiao Zhan ခေါင်းတစ်ခါခါနဲ့‌ပြောတယ်

သူများကိုပြောနေရင်းက Xiao Zhan ဒီအိမ်မှာသူ့အဝတ်တွေမရှိသေးကိုသတိရသွားတယ်

“အဝတ်တွေသွားယူရမလား အသစ်ဝယ်လိုက်ရမလား?”

“ဒါပေမယ့်ငါမှပြန်မသွားချင်တာ!”

Xiao Zhan သက်ပြင်းချပြီးပုခုံးတွန့်လျက်...
“မနက်ဖြန်သွားဝယ်လိုက်မယ်”

Xiao Zhan Wang Yibo ဗီရိုဆီသွားတယ် ဗီရိုဖွင့်လိုက်တာနဲ့ ရလိုက်တဲ့အမွှေးနံ့ကြောင့် သူအဲ့ရှေ့မှာဒီတိုင်းရပ်နေမိတယ် နောက်မှသတိပြန်ဝင်လာပြီး Wang Yibo တီရှပ်နဲ့ boxer တစ်ထည်ယူပြီး ဗီရိုပြန်ပိတ်လိုက်တယ်

ထို့နောက်သူ့ဆံပင်ခြောက်အောင်တဘက်နဲ့ဆက်သုတ်နေတယ်

Xiao Zhan တဘက်ကိုပုခုံးပေါ်တင်ပြီး မီးဖိုခန်းဆီသွားတယ် သူညစာပြင်ထားတဲ့ထမင်းစားပွဲမှထိုင်လိုက်တော့ တစ်ခုခုလိုနေတာကိုခံစားလိုက်ရတယ် အဖော်မရှိတဲ့ထမင်းစားပွဲကြီးက အထီးကျန်ဆန်နေသလိုပင်

“ငါ့ဘာသာအိမ်ခွဲနေတည်းက နှစ်တော်တော်ကြာတစ်ယောက်တည်းစားလာတာပါ သူနဲ့မနက်စာလေးစားပြီးတော့မှ တစ်ယောက်တည်းစားရတာကိုဘာလို့အထီးကျန်တယ်လို့ခံစားနေရတာလဲ”
Xiao Zhan သူ့ဘာသာပြန်မေးပြီးတော့တူကိုင်လိုက်တယ်

ထို့နောက်ပုခုံးတွန့်လိုက်ပြီး...
“ဘာပဲဖြစ်ဖြစ် စားပြီးအိပ်တော့မယ်”

Xiao Zhan စားပြီးတော့ပိုတဲ့ဟင်းတွေကိုရေခဲသေတ္တာထဲထည့်ပြီး Wang Yibo အခန်းဆီသွားတယ်

MY FUBU (Translation) (Completed)Where stories live. Discover now