Chapter - 8

5.1K 524 26
                                    

[Unicode]

“ဒီညစောစောပြန်လာမှာလား?”
Xiao Zhan က Wang Yibo ကိုမေးတယ်

Xiao Zhan ကအခုမီးဖိုခန်းထဲမှာဖြစ်တယ် အေပရွန်အောက်မှာလည်းboxerတစ်ထည်ပဲရှိတယ် မနေ့ညကနှစ်နာရီကြာ‌ေအာင်အရိုင်းဆန်ဆန်sexလုပ်ကြပြီးတော့ အခုလည်း morning exercise လုပ်ပြီးခါစပဲရှိကြသေးတယ် အခုတစ်လော Wang Yibo ကအရမ်းထန်နေတာကြောင့် သူတို့နှစ်ယောက်လုံးစိတ်ပါတဲ့အချိန်တိုင်းဆက်ဆံဖြစ်ကြတယ်

အခုသူတို့နှစ်‌ယောက်လုံးအတွက် Xiao Zhan မနက်စာချက်နေတာဖြစ်တယ်

“မသိသေးဘူး”
Wang Yibo ကထုံးစံအတိုင်းစာရွက်စာတမ်းတွေဖတ်ရင်းပြန်ပြောတယ် သူ့ရှေ့မှာလည်းလက္ဖက်ရည်တစ်ခွက်ရှိတယ်

“စောစောပြန်ဖြစ် မပြန်ဖြစ်ငါ့ကိုကြိုပြောဦး”
Xiao Zhan ကဟင်းကိုပန်းကန်ထဲထည့်ရင်းပြောတယ်

“အင်း”

Xiao Zhan ပန်းကန်ကိုစားပွဲပေါ်တင်ပြီး Wang Yibo ဘေးထိုင်တယ်

ထို့နောက် Xiao Zhan Wang Yibo ကိုမျက်ခုံးပင့်ကြည့်ပြီး...
“တစ်ကယ်ကြီးလား? မနက်စာရနေပြီလေ မနက်စာစားနေတုန်းတော့အဲ့ဟာတွေမဖတ်လို့မရဘူးလား?”

Wang Yibo ကမျက်နှာသေနဲ့ Xiao Zhan ကိုကြည့်ပြီး စာရွက်စာတမ်းတွေဘေးချလိုက်တယ် ထို့နောက်လက္ဖက်ရည်တစ်လုတ်သောက်ပြီး တူကိုင်လိုက်တယ်

Wang Yibo ကိုကြည့်ပြီး Xiao Zhan ခေါင်းခါတယ် သူတစ်ကယ်ဒီအေးစက်စက်နိုင်တဲ့ Wang Yibo နဲ့ကျင့်သားမရသေးဘူး

‘အင်း...ကလေးတုန်းကလည်းတက်တက်ကြွကြွရှိခဲ့တာမဟုတ်ပေမယ့်လည်းပေါ့’

Xiao Zhan ပုခုံးတွန့်ပြီး မနက်စာစားတယ်

ဆယ်မိနစ်ကြာတော့ Wang Yibo မနက်စာစားပြီးသွားတာကြောင့် ပန်းကန်နဲ့လက္ဖက်ရည်ခွက်ယူပြီး ဘေစင်ထဲထည့်တယ်

“သွားပြီ”
Wang Yibo ကစားပွဲပေါ်တင်ထားခဲ့တဲ့စာရွက်စာတမ်းတွေယူရင်းပြောတယ်

“အင်း ဂရုစိုက်”
Xiao Zhan ကလည်းမနက်စာစားရင်းကပဲပြန်ဖြေတယ်

Wang Yibo ဘာမှပြန်မပြောဘဲအခန်းထဲဝင်ပြီးအလုပ်သွားဖို့ပြင်တယ် မိနစ်အနည်းငယ်လောက်ကြာတော့ အခန်းထဲကထွက်လာပြီး နှုတ်တောင်မဆက်ဘဲထွက်သွားတယ်

MY FUBU (Translation) (Completed)Where stories live. Discover now