Chapter - 35

3.6K 392 20
                                    

[Unicode]

ညစာစားခါနီးချိန်မှာ Yubin အိမ်ပြန်ရောက်လာပြီးထိုင်နေတဲ့ Sarah နဖူးကိုနမ်းတယ် ထို့နောက် Sarah ရှေ့ဒူးထောက်ထိုင်ချလိုက်ပြီး အင်္ကျီကိုမပြီးတော့ဗိုက်ပူပူလေးကိုနမ်းတယ်

“ကလေးလေး ကောင်းကောင်းနေနော်”

“ဒီနေ့အကုန်အဆင်ပြေရဲ့လား?”
Yubin ကမေးပြီးမတ်တပ်ရပ်တယ်

Sarah ပုခံုးတွန့်ပြီး...
“ကျွန်မကအဆင်ပြေပါတယ် ဒါပေမယ့်gegeကသိပ်အဆင်မပြေဘူး”

“ဘာဖြစ်လို့လဲ”
Yubin အိတ်ကိုစားပွဲပေါ်တင်ပြီး နက်ကတိုင်ကိုဖြေလျှော့ရင်းမေးတယ်

“ကျွန်မလည်းသေချာမသိဘူး နေမကောင်းဘူးထင်တယ်”
Sarah နှစ်ယောက်စာညစာပြင်ရင်းပြန်ပြောတယ်

“အခုစီနီယာအခန်းထဲမှာလား?”

Sarah ထမင်းစားပွဲကခံုမှာထိုင်ပြီး...
“အင်း ကျွန်မနားခိုင်းထားတာ”

“ရှင်အင်္ကျီအရင်သွားလဲလိုက်လေ ကျွန်မgegeအတွက်ညစာပြင်ပေးထားလိုက်မယ်”
Sarah Yubin ကိုမီးဖိုခန်းထဲကတွန်းထုတ်ရင်းပြောပြီးတော့ Xiao Zhan အတွက်ညစာစပြင်တယ်

---------------------------------

Sarah Xiao Zhan အတွက်ညစာရယ် ရေခွက်ရယ်ကိုဗန်းပေါ်တင်ပြီးတော့ ရေဇလုံတစ်ခုနဲ့သဘက်တစ်ထည်လည်းပြင်ပေးထားတယ် ထိုအချိန် Yubin မီးဖိုခန်းထဲဝင်လာတယ်

“စီနီယာအတွက်လား?”
Yubin Sarah ပုခုံးပေါ်မေးစေ့တင်လိုက်ရင်းမေးတယ်

Sarah ခေါင်းငြိမ့်ပြီး..
“အင်း ရေဇလုံယူပြီးလိုက်ခဲ့နော်”

Yubin Sarah ပြောတဲ့အတိုင်းရေဇလုံယူပြီးလိုက်သွားတယ်

---------------------------------

သူတို့ Xiao Zhan တံခါးကိုခေါက်နေတာသုံးကြိမ်တောင်ရှိပြီဆိုပေမယ့်အထဲကဘာမှပြန်ဖြေသံမကြားရဘူး

“gegeညီမတို့ဝင်လာပြီနော်”

သူတို့အခန်းထဲဝင်သွားတော့ Xiao Zhan အရိပ်အယောင်ကိုတောင်မတွေ့ကြဘူး အဲ့အစားအိပ်ရာပေါ်ကစောင်ပံုကြီးပဲရှိတယ်

Sarah ကထမင်းဗန်းကိုအိပ်ရာပေါ်ကစားပွဲပေါ်တင်တော့ Yubin လည်းရေဇလုံကိုစားပွဲပေါ်ပဲတင်လိုက်တယ်

MY FUBU (Translation) (Completed)Dove le storie prendono vita. Scoprilo ora