Chapter - 31

3.6K 366 24
                                    

[Unicode]

Xiao Zhan ငိုထားလို့အစ်နေတဲ့မျက်လုံးတွေနဲ့ taxiပေါ်ကဆင်းလာတယ်

သူအိပ်ခန်းထဲဖြည်းဖြည်းချင်းသွားပြီး အိပ်ရာပေါ်လှဲချလိုက်တယ် သူအရမ်းပင်ပန်းနေပြီး အိပ်ချင်တာပဲသိတော့တယ်

“အဲ့ကောင်မလေးကြောင့်ဒီကြားထဲဧည့်ခန်းထဲသွားအိပ်နေတာပေါ့”

Xiao Zhan ခေါင်းအုံးပေါ်မျက်နှာအပ်ရင်း ခါးသက်သက်ရယ်တယ်

“ငါကဘာလို့ဒီမှာရှိနေရသေးတာလဲ?”

“ငါကဒီတိုင်းတာဝန်အရစောင့်ရှောက်ပေး‌ေနရတဲ့သူ့အချစ်ဆုံးသူငယ်ချင်းပဲလေ”
မျက်ရည်တွေဝဲနေတဲ့ Xiao Zhan ကခါးသက်သက်ရယ်ပြီးပြောတယ်

“ဒါပေမယ့်...”

Xiao Zhan ပြောနေရာကခဏရပ်သွားတယ် သူ့နှလုံးသားတစ်ခုလုံးနာကျင်နေတယ်

“ငါ့ခံစားချက်ငါသိတဲ့အချိန်ကျမှအချိန်ကိုက်ဆိုသလိုဖြစ်ရလား..”

Xiao Zhan အသံတွေအက်ကွဲနေပြီးတော့ ခေါင်းအုံးကလည်းမျက်ရည်တွေနဲ့စိုသွားပြီ သူမှောက်လျက်လှဲနေရာကနေပက်လက်လှန်လိုက်ပြီး မျင်ရည်‌ေတွနဲ့မျက်နှာကြက်ကိုစိုက်ကြည့်နေတယ် သူ့ရင်ဘတ်ထဲကနာလွန်းလို့သက်သာလိုသက်သာငြား ရင်ဘတ်ကိုဆုပ်ကိုင်ထား‌ေပမယ့်လည်း နာကျင်တာကလျော့မသွားဘူး

“ငါ့လိုယောက်ျားလေးအိုမီဂါက ဘယ်လိုလုပ်အယ်ဖာမချောချောလေးနဲ့ယှဉ်နိုင်မှာလဲ?”

“ချစ်တယ် ချစ်တယ် ချစ်တယ်..”
မျက်ရည်တွေနဲ့ Xiao Zhan ကဒီစကားလုံးလေးနှစ်လုံးကိုပဲဆက်တိုက်ပြောနေတယ် နောက်ဆုံးအိပ်ပျော်သွားတဲ့အခါမှသာအငိုရပ်သွားသလို ပြောနေတာလည်းရပ်သွားတော့တယ်

---------------------------------

Xiao Zhan နိုးလာတော့ညတောင်ရောက်နေပြီ အခန်းထဲမှာလည်းမှောင်နေတယ် သူအိပ်ရာပေါ်ကဖြည်းဖြည်းချင်းထလိုက်တယ် မျက်လုံးတွေကလည်းဖောင်းအစ်နပြီး ခန္ဓာကိုယ်ကလည်းလေးလံနေတယ်

“ရ..ရေ...”

လည်ချောင်း‌တွေခြောက်နေတာကြောင့် သူရေသောက်ဖို့‌ေအာက်ဆင်းပြီးမီးဖိုခန်းဆီသွားတယ် ‌

MY FUBU (Translation) (Completed)Where stories live. Discover now