Chapter - 26

3.4K 368 12
                                    

[Unicode]

နောက်တစ်နေ့တွင်...

Wang Yibo ရုံးခန်းထဲမှာအလုပ်နဲ့နှစ်ပါးသွားနေရတယ် အရင်တုန်းကသူပျက်ထားတဲ့ရက်တွေအတွက်ပါလုပ်နေရတာကြောင့် လုပ်ရမယ့်အလုပ်တွေကတောင်လိုပုံနေတယ် အလုပ်မလာတာကလည်းသူမလာချင်လို့မဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့်မလာဖြစ်တာပါ

နေ့ခင်းရောက်တော့သူ့အလုပ်တွေတစ်ဝင်လောက်တော့ပြီးသွားပြီ Wang Yibo ခုံကိုကျောမှီပြီး မျက်မှန်ချွတ်ပြီးတော့ နားထင်ကြောတွေနှိပ်နေတယ်

သူအလုပ်ပြီးချင်စောနဲ့လုံးဝမနားဘဲလုပ်လိုက်တာ အခုတော့အစာအိမ်ကဆန္ဒပြနေပြီ မနက်က Xiao Zhan ချက်ကျွေးလိုက်တဲ့မနက်စာကလည်းဘယ်ရောက်လို့ရောက်သွားမှန်းတောင်မသိတော့ဘူး ရုတ်တရက် Xiao Zhan သူ့အတွက်ပြင်ပေးလိုက်တဲ့နေ့လည်စာထမင်းဘူးကိုသတိရသွားတယ် Wang Yibo ရုံးခန်းထဲဝေ့ကြည့်လိုက်တော့ အခန်းအလယ်ကစားပွဲပေါ်ကထမင်းဘူးကိုတွေ့သွားတယ်

Wang Yibo ထိုင်နေရာထပြီးစားပွဲဆီကိုသွားတယ်

“အချိန်ကုန်ခံပြီးဘာလို့လုပ်‌ေပးလိုက်တာလဲ”
Wang Yibo ထမင်းဘူးကိုဖွင့်ရင်းသူ့ဘာသာပြောတယ်

ထမင်းဘူးကအပူထိန်းတဲ့ဘူးဆိုတော့ ထမင်းဘူးထဲကဖက်ထုပ်လေးတွေကနွးနွေးလေးပဲရှိသေးတယ်

“ဟမ်း...အလုပ်ရှုပ်ခံပြီးလုပ်ထားသေးတယ်”

Wang Yibo ထမင်းဘူးဘေးကထည့်ပေးလိုက်တဲ့တူကိုယူပြီးဖက်ထုပ်တစ်ခုစစားတယ် ပင်ပန်းနေတာတွေယူပစ်လိုက်သလိုပျောက်သွားစေနိုင်တဲ့အရသာကြောင့် Wang Yibo ပြုံးလိုက်တယ်

ဖက်ထုပ်စားနေရင်း Wang Yibo တစ်ခုခုကိုရုတ်တရက်သတိရသွားတာနဲ့ဖုန်းဖွင့်လိုက်တယ်

သူဟိုနေ့ညက Xiao Zhan ပုံကိုဓာတ်ပုံရိုက်ထားသေးတယ် ပုံကောင်းကောင်းထွက်ရဲ့လားဆိုတာတောင်မစစ်ရသေးဘူး

Wang Yibo Xiao Zhan ပုံကိုgalaryထဲမှာရှာလိုက်တယ်

ခေါင်းအုံးလေးပိုက်ပြီးအေးအေးချမ်းချမ်းအိပ်ပျော်နေတဲ့ Xiao Zhan ပုံလေးကိုမြင်တော့ Wang Yibo သူကိုယ်တိုင်တော့မသိလိုက်ပါဘဲပြုံးမိသွားတယ်

MY FUBU (Translation) (Completed)Where stories live. Discover now