Chapter - 25

3.8K 349 9
                                    

[Unicode]

နောက်ဆုံးတော့ Xiao Zhan လည်းအဖျားပျောက်သွားပြီ Wang Yibo ကပြတင်းပေါက်ဘေးမှာထိုင်ပြီး ဒီနေ့ကုမ္ပဏီသွားရင်လုပ်ရမယ့်အလုပ်တွေလုပ်‌ေနတယ်

Xiao Zhan မျက်လုံးဖြည်းဖြည်းချင်းဖွင့်ပြီးတော့ အပျင်းကြောဆန့်ပြီးသမ်းလိုက်တယ် သူခေါင်းလည်းမကိုက်တော့သလို ခန္ဓာကိုယ်တစ်ခုလုံးလည်းကိုက်ခဲမနေတော့ဘူး

Wang Yibo Xiao Zhan ကိုလှည့်ကြည့်ပြီး...
“နိုးပြီလား ဘယ်လိုလဲ သက်သာလား?”

Wang Yibo စာရွက်စာတမ်းတွေကိုစားပွဲပေါ်တင်ပြီး Xiao Zhan ဘေးသွားပြီး‌ေတာ့ Xiao Zhan နဖူးကိုလက်နဲ့ထိပြီးအဖျားစမ်းတယ်

“အင်း င့ါကိုဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ်”
Xiao Zhan ကခေါင်းငြိမ့်ပြီးပြောပြီးတော့ရယ်တယ်

“အင်း”

Wang Yibo အလုပ်လုပ်နေတဲ့စားပွဲဆီပြန်သွားတယ် သူအလုပ်ပြန်မလုပ်ခင် ညကောင်းကင်ကိုတစ်ချက်ကြည့်လိုက်သေးတယ် ပြီးမှလုပ်လက်စအလုပ်ကိုဆက်လုပ်နေတယ်

“လကလှတယ်နော်”
Xiao Zhan ကပြောပြီး Wang Yibo ရှိနေတဲ့ပြတင်းပေါက်နားကိုလျှောက်သွားတယ်

Wang Yibo Xiao Zhan ကိုမော့ကြည့်ပြီး နှုတ်ခမ်းထောင်စွန်းလေးကော့တက်သွားတယ်

“အင်း”
Wang Yibo ပြန်ပြောပြီးစာရွက်စာတမ်းတွေဆီကိုအကြည့်လွှဲလိုက်တယ်

“ငါရေသွားချိုးတော့မယ်”

Xiao Zhan ရေချိုးခန်းထဲဝင်သွားပြီး bathtubကိုရေဖြည့်တယ် ထို့နောက်အဝတ်တွေချွတ်ပြီး bathtubထဲဝင်မလို့လုပ်နေတုန်း မတော်တစ်ဆခြေချော်ပြီးချော်လဲသွားတယ်

“အာာာာားးးးးး”

Xiao Zhan အော်သံကြားတော့ Wang Yibo ချက်ချင်းရေချိုးခန်းထဲပြေးဝင်သွားတယ်

Wang Yibo ရေချိုးခန်းထဲပြေးဝင်လာတာမြင်တော့ Xiao Zhan ကရယ်ပြီး...
“လန့်သွားလား?”

“ချော်လဲသွားတာပါ ဘာမှမဖြစ်ဘူး အလုပ်ပြန်သွားလုပ်တော့လေ”
Xiao Zhan Wang Yibo ကိုရေချိုးခန်းထဲကတွန်းထုတ်ရင်းပြောတယ်

Wang Yibo ကတော့ Xiao Zhan ကိုယ်လေးကအကြည့်မလွှဲနိုင်ဖြစ်နေတယ် Wang Yibo အကြည့်တွေကိုကြည့်ပြီး Xiao Zhan ရှက်ပြီးပါးတွေရဲတက်လာတယ်

MY FUBU (Translation) (Completed)Where stories live. Discover now