Chapter - 12

4.8K 502 10
                                    

[Unicode]

အေပရွန်လေးနဲ့ Xiao Zhan ကမီးဖိုခန်းထဲမှာ ညာဘက်လက်မှာယောက်ချိုဇွန်းကိုင်ထားပြီး ဟင်းချက်နေတယ် အရသာမြည်းပြီးတော့ သူချက်တဲ့ဟင်းကအရသာကောင်းနေတဲ့အခါမှာတော့ ပြုံးသွားတယ် ထို့နောက်တစ်ဝက်ကိုပန်းကန်ထဲထည့်ပြီး နောက်တစ်ဝက်ကိုတော့ Wang Yibo ပြန်လာရင်စားဖို့အိုးထဲမှာထား,ထားတယ်

အကုန်လုံးပြီးသွားတော့ မီးဖိုမီးပိတ်ပြီး ထမင်းစားပွဲမှာသွားစားတယ်

သူညစာစားမလို့ပဲရှိသေး Wang Yibo ကားပါကင်ထိုးတဲ့အသံကိုကြားလိုက်တာကြောင့်အံ့ဩသွားတယ်

Xiao Zhan မျက်မှောင်ကြုတ်ပြီး...
'အစောကြီးပြန်လာတာလား?'

ဇွန်းနဲ့ခရင်းကိုချပြီး Xiao Zhan Wang Yibo ကိုတွေ့ဖို့တံခါးဆီထွက်သွားတယ်

"အစောကြီးပြန်လာတာလား?"

Wang Yibo တံခါးဖွင့်ပြီးဝင်လာတာနဲ့ Xiao Zhan ကမေးလိုက်တော့ Wang Yibo လန့်ပြီးတွန့်သွားတယ်

"အိုး အင်း"
Wang Yibo ပြောပြီးနက်ကတိုင်ကိုလျော့လျော့ရဲရဲဖြစ်အောင်ပြင်တယ်

"မင်းလက်အဆင်ပြေရဲ့လား? မင်းအဲ့ကောင်ကိုမထိုးလိုက်သင့်ဘူး သိလား?"
Xiao Zhan ကပြောပြီး Wang Yibo ဆီကအိတ်ကိုယူလိုက်တယ်

"မင်းကအနိုင်ကျင့်ခံနေရတာကို ကိုယ့်အချစ်ဆုံးသူငယ်ချင်းအနိုင်ကျင့်ခံနေရတာကိုမြင်ရင် မင်းဆိုရင်ရောဘာလုပ်မလဲ?"

Wang Yibo စကားကြောင့် Xiao Zhan မျက်လုံးပြူးသွားတယ်

Xiao Zhan ရုတ်တရက်ရှက်သလိုခံစားရပြီးပါးတွေရဲလာတယ်

'သူမမေ့သေးဘူးပေါ့'

Xiao Zhan စကားလမ်းကြောင်းပြောင်းဖို့စဉ်းစားတော့တယ် မဟုတ်ရင်သူဒီ့ထက်ပိုရှက်နေရမယ်

"မင်းအင်္ကျီလဲတော့လေ ပြီးရင်ငါပတ်တီးပြန်စီးပေးမယ် ပြီးတော့မှညစာစားကြတာပေါ့"

Xiao Zhan ကပြောပြီးအခန်းဆီမြန်မြန်သွားပြီး Wang Yibo အိတ်သွားထားတယ် ထို့နောက် Wang Yibo အခန်းထဲဝင်မလာခင်မြန်မြန်ပြန်ထွက်သွားတယ်

--------------------------

Xiao Zhan ထမင်းပန်းကန်နှစ်ပန်းကန်နဲ့ ဟင်းပန်းကန်တွေကိုစားပွဲပေါ်တင်လိုက်ပြီးတော့ ဆေးဘူးရှာတယ်

MY FUBU (Translation) (Completed)Where stories live. Discover now