Chapter - 19

4.2K 418 6
                                    

[Unicode]

Xiao Zhan နဲ့ Wang Yibo မနက်စာစားပြီးတော့ ဧည့်ခန်းမှာTVထိုင်ကြည့်နေကြတယ် ဘာအစီအစဉ်ရယ်လို့တိတိကျကျမရှိဘဲ ဒီတိုင်းTVမှာလာတာကိုထိုင်ကြည့်နေကြတာပင်

“အော် Bo ဒီနေ့င့ါကောလိပ်ကသူငယ်ချင်းတွေနဲ့နေ့လည်စာသွားစားမလို့ မင်းတစ်ယောက်တည်းဖြစ်ရဲ့လား?”

“အင်း ဖြစ်ပါတယ်”
Wang Yibo ကTVကြည့်ရင်းပြန်ဖြေတယ်

“တစ်ကယ်ဖြစ်တာလား? တစ်ယောက်တည်းအထီးမကျန်နေဘူးလား?”

“မကျန်ပါဘူး ဘာပဲဖြစ်ဖြစ်တစ်နေကုန်masturbateလုပ်နေမှာပဲ”

“တစ်ကယ်လား?”
Xiao Zhan Wang Yibo ကိုမျက်မှောင်ကြုတ်ပြီး မယုံနိုင်သလိုကြည့်တယ်

Wang Yibo Xiao Zhan ကိုမျက်နှာသေနဲ့ကြည့်ပြီး...
“ဟင့်အင်း စနေတာ အင်း....ငါထင်တာတော့ငါကအဲ့နေရာမှာမတော်သလိုပဲ”

Wang Yibo ပြောပြီး TVဘက်ပြန်လှည့်သွားတယ်

“မင်းအဲ့လိုရုပ်တည်ကြီးနဲ့ဆိုရင်မင်းစိတ်ထဲဘာရှိနေလဲဆိုတာငါတစ်ကယ်မသိဘူး”

Xiao Zhan ရယ်ပြီးပြောပြီတော့ Wang Yibo ပေါင်ပေါ်‌ခြေထောက်တင်ပြီး ဆိုဖာပေါ်လှဲချလိုက်တယ်

“အရင်ကထက်ပိုပြီးစိတ်ခံစားချက်ဖော်ပြတာနည်းလာတယ် USကမင်းကိုအဲ့လိုဖြစ်အောင်လုပ်လိုက်တာလား?”

Xiao Zhan Wang Yibo ကိုသိချင်တဲ့စိတ်နဲ့ကြည့်နေပေမယ့် Wang Yibo ကဘာမှပြန်မဖြေ

“အခုမင်းကရေခဲတုံးကြီးကျနေတာပဲ”

Xiao Zhan ပြောပြီးတော့နှုတ်ခမ်းဆူတယ် ထို့နောက်ကျီစယ်သလိုပြုံးပြီး...
“အိပ်ရာထဲကကိစ္စတွေမှာဝောာ့မဟုတ်ဘူးပေါ့ အဲ့ကျရင်မင်းမျက်နှာကရမ္မက်ကြွနေတဲ့ပုံမျိုး”

Xiao Zhan ကစတော့ Wang Yibo Xiao Zhan ကိုမယုံနိုင်သလိုမျက်မှောင်ကြုတ်ပြီးကြည့်တယ်

“အိုး အိုး မင်းဒီလိုမျက်နှာလုပ်တတ်တာလည်းငါမသိခဲ့ဘူး ဟားးဟားး”

Xiao Zhan အရယ်လွန်ပြီးမျက်ရည်ပါဝဲလာတယ်

Wang Yibo ကတော့စုတ်သပ်ပြီး TVပဲပြန်ကြည့်နေတယ်

MY FUBU (Translation) (Completed)Tahanan ng mga kuwento. Tumuklas ngayon