Chapter - 33

3.7K 370 29
                                    

[Unicode]

“ကလေးလေးကကောင်းကောင်းကြီးပြင်းနေတာပဲ”
Xiao Zhan က Yubin မိန်းမ Sarah ကိုပြောတယ်

အခုဆို Xiao Zhan Yubin အိမ်မှာနေနေတာတစ်ပတ်တောင်ရှိသွားပြီ Wang Yibo ကတော့သူ့ကိုနေကောင်းလား အဆင်ပြေလားဆိုပြီးစာပို့ပို့နေပေမယ့် သူသူ့မိဘတွေအိမ်မှာမဟုတ်တာတော့သတိမထားမိသေးဘူး

“ဟီးဟီး ဟုတ်တယ် ညီမဗိုက်ကိုလည်းခဏခဏကန်တယ်”

Xiao Zhan ကစိတ်လှုပ်ရှားစွာနဲ့...
“နောက်တစ်ခေါက်ကန်ရင်geကိုလည်းပြောပါ geလည်းသူကန်တာခံစားကြည့်ချင်လို့”

(TN/ Xiao Zhan ကိုလေ Yubin နဲ့ကျတော့စီနီယာ ဂျူနီယာဆက်ဆံရေးဆိုတော့ရင်းရင်းနှီးနှီး ငါ လို့သံုးပြီးတော့ Sarah နဲ့ကိုတော့ ge လို့သံုးလိုက်မယ်နော်)

“ဒါနဲ့စီနီယာ့တိုက်ခန်းကဘာဖြစ်လို့လဲ တစ်ပတ်ရှိနေပြီဆိုပေမယ့်အခုမှမေးဖို့သတိရလို့”

“အင်း ငါ့exကိုအဲ့မှာသူ့ဟာမနဲ့ဆက်ဆံနေတာမိထားလို့”
Xiao Zhan သက်ပြင်းချပြီးဆိုဖာကိုကျောမှီလိုက်တယ်

“အဲ့ခွေးကောင်ကတော့! စီနီယာ့ကိုကျွန်တော်ပြောသားပဲ အဲ့ကောင်ကမကောင်းပါဘူးဆို”
Yubin ပြောပြီးတော့ Xiao Zhan ကအုလက်ဖက်ရည်ခွက်ပေးတယ်

Xiao Zhan Yubin ပေးတဲ့လက်ဖက်ရည်ခွက်ကိုယူရင်း...
“အင်း ငါလည်းအဲ့ကောင်ကိုမကြိုက်တော့ပါဘူး”

“ကောင်းလိုက်တာ!”
Xiao Zhan လက်ဖက်ရည်သောက်ပြီးတော့ပြုံးပြီးပြောတယ်

“မကြိုက်တော့တာကောင်းတယ်! အဲ့ကောင်ကစီနီယာသဘောကောင်းတာကိုအခွင့်ကောင်းယူနေတာ!”

Xiao Zhan ရယ်လိုက်ပြီး...
“မအော်နဲ့လေ မင်းကလေးလေးကြားသွားလိမ့်မယ်”

“လက်ဖက်ရည်ကရေချိုးပြီးသောက်မှပိုကောင်းတာ”
Xiao Zhan လက်ဖက်ရည်ခွက်စားပွဲပေါ်တင်ပြီးတော့ Yubin ပုခံုးကိုပုတ်ပြီးဘာမဟုတ်တဲ့ကိစ္စနဲ့ဒေါသမထွက်အောင်စကားလမ်းကြောင်းလွှဲလိုက်တယ်

“ဟုတ်ကဲ့စီနီယာ”
Yubin Xiao Zhan ကိုပြံုးပြီးပြန်ဖြေတယ်

Xiao Zhan သဘက်ယူပြီးရေချိုးခန်းထဲဝင်သွားတယ်

MY FUBU (Translation) (Completed)Where stories live. Discover now