Chapter - 14 (edited)

3.9K 194 16
                                    

[Unicode]

[TN/ မနက်ကဒါဒါတစ်ယောက်ကဟိုအပိုင်းကိုအကျော်အခွဇယားလုပ်ပြီးရေးပါလားဆိုပြီးအကြံပေးလို့ ဟိုအပိုင်းကိုဖြတ်ချထားပြီးတင်လိုက်တာပါ ဇာတ်လမ်းပြောပြထားပေမယ့် တစ်ကယ်လို့ဖတ်ချင်တဲ့သူတွေရှိရင်ဖတ်လို့ရအောင်လို့ပါ]

Wang Yibo စိတ်တိုတိုနဲ့စာရွက်တွေကိုစားပွဲပေါ်ပစ်တင်လိုက်တယ်

“ငါဘာတွေတွေးနေတာလဲ? ဟမ်? လှတယ်? ဘယ်ကအဲ့လှတယ်ဆိုတာကြီးကခေါင်းထဲရောက်လာရတာလဲ?”

Wang Yibo တစ်မနက်လုံးအလုပ်ထဲအာရုံစိုက်လို့မရဘူး သူ့စားပွဲမှာအလုပ်တွေပုံနေပေမယ့် တစ်ခုမှမပြီးသေးဘူး သူစိတ်တိုလာပြီ

“ဘာမှမဟုတ်ဘူး သူကအိုမီဂါတစ်ယောက်လေ ဟုတ်တယ်! အဲ့ဒါကြောက့်ငါသူ့ကိုလှတယ်လို့မြင်နေတာ”
Wang Yibo ကိုယ့်ကိုကိုယ်လိမ်လိုက်ပြီး ခုံကိုကျောမှီထိုင်လိုက်တယ်

Wang Yibo သက်ပြင်းချပြီး...
“အိုမီဂါတိုင်းသူ့လိုလှကြတာလား?”

Wang Yibo လက်ဆစ်တွေချိုးပြီးတော့သေချာပြန်ထိုင်တယ်

“အဲ့အကြောင်းခေါင်းထဲကထုတ်လိုက်တော့! ငါ့မှာလုပ်စရာတွေရှိသေးတယ်!”

Wang Yibo ကိုယ့်ကိုကိုယ်ပြန်ဆုံးမပြီး အလုပ်ကိုအာရုံစိုက်လိုက်တယ် ဒါပေမယ့်လည်းမနက်က Xiao Zhan ရဲ့ပုံရိပ်လေးကသူ့ကိုအလုပ်မလုပ်နိုင်အောင် နှောင့်ယှက်ပြန်တယ်

Wang Yibo စုတ်သပ်ပြီးတော့ မျက်စိမှိတ်ပြီး နားထင်နှိပ်နေတယ် နောက်ကျနေပြီကိုသူဘာအလုပ်မှမပြီးသေးဘူး

“fuck တင်းလာပြီ”
Wang Yibo သက်ပြင်းချပြီးဖုန်းကိုယူလိုက်တယ်

“Xiao Zhan ကိုလှတယ်လို့ထင်နေတာတွေတော်တော့ မိန်းကလေးအိုမီဂါကယောက်ျားလေးအိုမီဂါထက်တောင်လှသေးတယ်”

Wang Yibo ခြေချိတ်ထိုင်ပြီးတံခါးကိုကြည့်ပြီး ဘေးခွဲစကဒ်နဲ့သူ့အိုမီဂါအတွင်းရေးမှူးမဝင်လာနေတယ်လို့စိတ်ကူးယဉ်ကြည့်နေတယ် ကြယ်သီးသုံးလုံးလောက်ဖြုတ်ထားတဲ့ရှပ်လက်ရှည်ကြောင့် သူမရဲ့ရင်ညွန့်နေရာကလည်းပေါ်နေလိမ့်မယ် နှုတ်ခမ်းနီအနီရောင်ဆိုးထားတဲ့သူမ ဒေါက်ချွန်စီးထားပြီး ဆံပင်ကလည်းလှုပ်ခါနေလိမ့်မယ်

MY FUBU (Translation) (Completed)Where stories live. Discover now