Chapter - 39

4.1K 401 17
                                    

[Unicode]

Wang Yibo မျက်ရည်တွေနဲ့အိမ်ပြန်ရောက်လာတယ် အခုခံစားနေရတဲ့နာကျင်မှုတွေအကုန်လုံးကိုမေ့ပစ်လိုက်ချင်ပေမယ့် ဘယ်လိုလုပ်ရင်မေ့လို့ရမလဲဆိုတာသူမသိဘူး

Wang Yibo အခန်းထဲတန်းဝင်သွားပြီး တံခါးကိုဘန်းခနဲပိတ်လိုက်တယ် ထို့နောက်အိပ်ရာပေါ်ပစ်လှဲချပြီး မျက်ရည်တွေနဲ့မျက်နှာကြက်ကိုစိုက်ကြည့်နေတယ် အခန်းထဲမှာတော့တိတ်ဆိတ်မှုကကြီးစိုးထားတယ်

သူ့မှာအခုဘာမှမရှိတော့ဘူး သူတန်ဖိုးထားမြတ်နိုးရတဲ့သူကလည်း အခုဆိုတစ်ခြားသူဆီရောက်သွားပြီ မျက်လုံးထဲမှာကလေးလေးကိုချီထားပြီး ဘေးနားမှာသူမဟုတ်တဲ့တစ်ခြားတစ်ယောက်နဲ့ရှိနေမယ့် Xiao Zhan ပုံရိပ်ကိုမြင်ယောင်လာတော့ Wang Yibo ခါးသက်သက်နဲ့ပြုံးတယ် ထို့နောက်ဒေါသတကြီးနဲ့မျက်လုံးမှိတ်ပစ်လိုက်ပြီးတော့ ငိုနေတယ်

သူ့ခံစားချက်တွေနဲ့ သူတို့နှစ်ယောက်ကြားကကိစ္စတွေအကုန်လုံးကိုမေ့ပစ်လိုက်ပြီး သူ Xiao Zhan အတွက်ပျော်ပေးချင်တယ်

Wang Yibo နာနာကျင်ကျင်နဲ့ရယ်တယ်

“Fuck”

---------------------------------

3ရက်ကြာပြီးနောက်

“ဒီမှာသားလေယာဥ်လက်မှတ် မားကိုတစ်ကယ်မလိုက်စေချင်ဘူးလား?”
Xiaoမားက Xiao Zhan ကိုလေယာဥ်လက်မှတ်ပေးရင်းမေးတယ်

Xiao Zhan ဒီနိုင်ငံကထွက်သွားဖို့အိတ်တွေရော passportရောအကုန်အဆင်သင့်ဖြစ်နေပြီ

“ကျွန်တော်အဆင်ပြေပါတယ် ပါးကမားမရှိလို့မဖြစ်ဘူးလေ”
Xiao Zhan ကလေယာဥ်လက်မှတ်ယူရင်း ရယ်ပြီးပြောတယ်

“တစ်ခုခုလိုတာရှိရင်မားကိုပြောနော်”
Xiaoမားသက်ပြင်းချပြီးပြောပြီးတော့ Xiao Zhan ခေါင်းလေးကိုပွတ်ပေးတယ်

“ဟုတ်ကဲ့မား”
Xiao Zhan ပြုံးပြီးပြောပြီးတော့ luggageဆွဲပြီးထွက်သွားတယ်

“အနည်းဆုံးတော့မားကိုလေဆိပ်လိုက်ပို့ခွင့်ပေးပါဦး”

“မားလိုက်ပို့ရင်ကျွန်တော်စိတ်ပြောင်းသွားလိမ့်မယ်”

MY FUBU (Translation) (Completed)Where stories live. Discover now