Chapter - 28

3.5K 333 8
                                    

[Unicode]

ဒီနေ့ည ပုံမှန်အိမ်ပြန်နေကျအချိန်ထက်နောက်ကျပြီးမှ Wang Yibo အိမ်ပြန်ရောက်လာတယ် သူပြန်ရောက်တော့ Xiao Zhan ကအခန်းထဲမှာအိပ်‌တောင်ပျော်နေပြီ

Wang Yibo ဆိုဖာပေါ်ပစ်လှဲချလိုက်ပြီးတော့ နက်ကတိုင်ကိုလျော့လျော့ရဲရဲဖြစ်အောင်လုပ်ပြီး မျက်စိမှိတ်ပြီးအနားယူ‌ေနတယ်

“ပင်ပန်းလိုက်တာ”

Wang Yibo မျက်စိပိတ်ထားလျက်နဲ့ပဲ ရီမုဒ်လိုက်စမ်းနေတယ် ရီမုဒ်တွေ့တော့တီ‌ဗီဖွင့်ကြည့်ပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာ‌ဘာမှမရှိတာကြောင့် စိတ်ရှုပ်ရှုပ်နဲ့သက်ပြင်းချလိုက်တယ်

“ရေချိုးပြီးအိပ်ပဲအိပ်တော့မယ်”

Wang Yibo ထိုင်ရာကထပြီး အပေါ်ထပ်တက်သွားတယ်

----------------------------------

Wang Yibo ရေချိုးတာဆယ်မိနစ်ကြာသွားတယ် ပြီးတော့မနေ့ညကလိုဆိုဖာမှာအိပ်ဖို့ခေါင်းအုံးနဲ့စောင်ကိုယူရင်း အိပ်ပျော်နေတဲ့ Xiao Zhan ကိုသတိထားမိသွားတယ် အဲ့ဒါကသူ့ကိုအဆင်မပြေဖြစ်စေတယ်

“ရင်ခုန်နေပြန်ပြီ!”

လုပ်ပြန်ပြီ သူဘာတွေဖြစ်နေလဲမရှင်းပြတတ်ဘူး ပြီးတော့လည်းဒီခံစားချက်ကြီးကသူ့ကိုတစ်ချိန်လုံးနှောင့်ယှက်နေတာ အလုပ်တောင်ကောင်းကောင်းမလုပ်နိုင်ဘူး

သူချက်ချင်း Xiao Zhan ဆီကအကြည့်လွှဲလိုက်တယ် မဟုတ်ရင်သူ Xiao Zhan ကိုလုပ်မိတော့မှာ သူတို့သဘောတူညီမှုယူပြီးတော့ပထမဆုံးညမှာလုပ်သလိုမျိုးပေါ့
(MFB:BL6)

Wang Yibo သက်ပြင်းချပြီးအောက်ထပ်ဆင်းသွားတယ် သူပင်ပန်းနေပြီ

ဧည့်ခန်းထဲမှာတီဗီကလည်းပွင့်နေတယ် ဧည့်ခန်းထဲရောက်တော့ Wang Yibo ဆိုဖာပေါ်ပစ်လှဲချလိုက်တယ်

“သည်းခံရမယ် Yibo အကုန်လုံးပုံမှန်အတိုင်းဖြစ်သွားတဲ့အထိ မင်းသည်းခံရမယ်”
Wang Yibo ကိုယ့်ကိုယ်ကိုပြောပြီး မျက်စိမှိတ်ပြီးတော့အိပ်ဖို့ကြိုးစားလိုက်တယ် ဆိုဖာကသက်သောင့်သက်သာမရှိပေမယ့်လည်းပေါ့

----------------------------------

Xiao Zhan နိုးလာတော့ king-size အရွယ်အိပ်ရာပေါ်မှာသူတစ်ယောက်တည်းမှန်းသိလိုက်တယ် Wang Yibo ဘယ်မှာရှိနေမလဲဆိုတာခန့်မှန်းမိတော့ Xiao Zhan သက်ပြင်းချတယ် သူဧည့်ခန်းထဲသွားတော့ သူခန့်မှန်းမိတဲ့အတိုင်း Wang Yibo ကဆိုဖာပေါ်မှာအိပ်နေတယ် ဆိုဖာကသူအိပ်လို့ရလောက်တဲ့အထိတော့ရှည်ပေမယ့် လွတ်လွတ်လပ်လပ်အိပ်လို့ရလောက်တဲ့အထိတော့မရှည်ဘူး

MY FUBU (Translation) (Completed)Where stories live. Discover now