Chapter - 7

5.3K 545 66
                                    

[Unicode]

အခန်းထဲဝင်လာတဲ့အလင်းရောင်ကြောင့် Xiao Zhan နိုးလာတယ် သူဒီမှာနေတာနှစ်ရက်ရှိပြီဆိုပေမယ့် ဒီကခန်းဆီးလိုက်ကာတွေနဲ့နေသားမကျသေးဘူး အရမ်းလင်းလွန်းတယ်

Xiao Zhan ဖြည်းဖြည်းချင်းမျက်လုံးဖွင့်ပြီး အိပ်ရာပေါ်ထိုင်နေတယ်

“စောစောနိုးနေတာပဲ ငါကမင်းနောက်ကျမှနိုးမယ်ထင်နေတာ”

စာဖတ်နေတဲ့ Wang Yibo ကို Xiao Zhan မပွင့်တစ်ပွင့်မျက်လုံးတွေနဲ့ကြည့်တယ် သူဒီစာတွေကိုမမုန်းဘူးလားမသိဘူး

Xiao Zhan မျက်လုံးတွေပွတ်ပြီးသမ်းလိုက်တယ်

“ငါဒီနေ့အပြင်သွားမလို့”
သူဘယ်သွားသွား Wang Yibo ဂရုမစိုက်ဘူးဆိုတာသိပေမယ့်ပြောဖို့လိုမယ်ထင်လို့ပြောလိုက်တယ်

“ဘယ်လဲ?”

“အင်္ကျီသွားဝယ်မလို့ မင်းဆီကပဲဆက်ငှားနေလို့မရဘူးလေ”
Xiao Zhan ပြောပြီးအကြောဆန့်တယ်

“မလိုအပ်ဘဲနဲ့ပိုက်ဆံအကုန်ခံမနေနဲ့ မင်းကလည်းတိုက်ခန်းမပြန်ချင်ဘူးဆို‌တော့ မင်းအင်္ကျီတွေသွားယူဖို့ငါလူလွှတ်ထားတယ်”
Wang Yibo ကစာရွက်တွေကနေမျက်လုံးမခွာဘဲပြောတယ်

Wang Yibo သူ့တိုက်ခန်းလိပ်စာဘယ်လိုသိတာလဲ သူကတော့မပြောဖူးဘူးထင်တာပဲ

Xiao Zhan မျက်မှောင်ကြုတ်ပြီး...
“ငါ့လိပ်စာဘယ်လိုသိတာလဲ?”

“စုံစမ်းတာ?”
Wang Yibo က Xiao Zhan ကိုကြည့်ပြီးပြောတယ်

“မင်းငါ့အကြောင်းတွေစုံစမ်းနေတာလား?”

“ဖြစ်နိုင်တာပဲ”
Wang Yibo ကပြောပြီးသူလုပ်လက်စဆက်လုပ်နေတယ်

“ဘာ!?”
Xiao Zhan ပြောပြီးမတ်တက်ရပ်လိုက်တော့ စောင်ကသူ့ကိုယ်ပေါ်ကလျှောကျသွားတယ်

“woah nakedကြီးနဲ့ရပ်မနေနဲ့လေ ဘာလဲ မင်းကိုမနက်စာအဖြစ်စားစေချင်နေတာလား?”
Wang Yibo က Xiao Zhan ကို ခြ‌‌င်္သေ့ကြီးကသား‌ကောင်ကိုခုန်အုပ်တော့မယ့်ပုံနဲ့ကြည့်ပြီးပြောတယ်

Xiao Zhan မျက်လုံးပြူးသွားပြီး စောင်ကိုချက်ချင်းကောက်ပြီးခြုံလိုက်တယ် ရင်ဘတ်ကနာသွားတာကြောင့် Xiao Zhan စုတ်သပ်တယ် ထို့နောက်မျက်‌‌မှောင်ကြုတ်ပြီးကြည့်လိုက်တော့ သူ့ရင်ဘတ်ကအသီးလေးနှစ်ခုကယောင်နေတယ် အဲ့ဒါကိုစောင်နဲ့ပွတ်မိသွားလို့သူနာသွားတာဖြစ်တယ် မနေ့ညက Wang Yibo သူ့ရင်ဘတ်ကအသီးလေးတွေကိုစုပ်လိုက် လျှက်လိုက် ပွတ်ဆွဲလိုက်လုပ်ခဲ့တာတွေကိုသတိရသွားတော့ Xiao Zhan ပါးတွေရဲတက်လာတယ်

MY FUBU (Translation) (Completed)Where stories live. Discover now