Chapter - 9

5.2K 513 33
                                    

[Unicode]

Xiao Zhan တစ်နေ့လုံးကိုအိမ်ထဲမှာပဲလတ်လျားလတ်လျားလုပ်ရင်းနဲ့ပဲကုန်ဆုံးခဲ့တယ် အခုတော့သူ့မိဘတွေအိမ်ညစာသွားစားဖို့ Wang Yibo ကိုစောင့်နေတယ်

“ပြန်မလာသေးဘူးလားမသိဘူး ရောက်သင့်နေပြီကို”
Xiao Zhan က social media သုံးရင်ပွစိပွစိပြောတယ်

Xiao Zhan တစ်ယောက်စိတ်ညစ်ညစ်နဲ့ညည်းညူနေတယ် သူတစ်နေ့လုံးပျင်းနေတာ Wang Yibo ကလည်းပြန်မရောက်သေးဘူး

“ဖုန်းဆက်လိုက်ရမလား”
Xiao Zhan ပြောပြီးမတ်တပ်ရပ်ပြီးတော့ဖုန်းခေါ်မလို့လုပ်နေတုန်း အပြင်မှာကားပါကင်ထိုးနေတဲ့အသံကိုကြားလိုက်ရတယ်

“ရောက်ပြီ!”

ထို့နောက်တံခါးဖွင့်ပြီး Yibo ဝင်လာတယ်

“ရောက်ပြီပေါ့”

Wang Yibo Xiao Zhan ကိုမော့ကြည့်တယ် Xiao Zhan ပျော်နေတာလည်းတွေ့ရော Wang Yibo မျက်မှောင်ကြုံ့သွားတယ်

Wang Yibo နက်ကတိုင်ကိုလျော့လျော့ရဲရဲဖြစ်အောင်လုပ်ရင်း...
“စောင့်နေရတာကြာသွားပြီလား?”

“ဟင့်အင်း”
Xiao Zhan ဆိုဖာပေါ်ထိုင်ပြီး စောင့်ရတာမကြာသေးကြောင်းပြန်ပြောတယ် ထို့နောက်သူ့ဖုန်းဖွင့်လိုက်တယ်

“အင်း အဲ့ဒါဆိုငါရေချိုးလိုက်ဦးမယ် ခဏစောင့် ပြီးရင်အန်တီတို့ဆီသွားမယ်”
Wang Yibo ကပြောပြီးသက်ပြင်းချတယ်

“အင်း အင်း ငါစောင့်နေမယ်”
Xiao Zhan ကပြောပြီးဖုန်းထပ်ပွတ်နေပြန်တယ်

“ဒီလောက်အကြာကြီးစောင့်ခိုင်းထားတာတောင် စောင့်ရတာကြာသွားလားလို့မေးရဲသေးတယ်”
Wang Yibo အခန်းထဲရောက်‌သွားတော့မှ Xiao Zhan ကမျက်လုံးလှန်လိုက်ပြီး တိုးတိုး‌လေးမကျေမနပ်ပြောတယ်

-------------------------

Wang Yibo ရေချိုးပြီးတော့ပေါ့ပေါ့ပါးပါးပဲဝတ်ပြီး ဖုန်းယူလိုက်တယ်

“သွားမယ်”
Wang Yibo ဧည့်ခန်းထဲရောက်တော့ Xiao Zhan ကိုပြောတယ်

Xiao Zhan Wang Yibo ကိုကြည့်ပြီးမတ်တပ်ရပ်လိုက်တယ်

“မြန်လိုက်တာ”
Xiao Zhan ပြောပြီးဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ပြီးတံခါးဆီလျှောက်သွားတယ်

MY FUBU (Translation) (Completed)Where stories live. Discover now