Chapter - 20

4.3K 426 24
                                    

[Unicode]

Xiao Zhan ထွက်သွားတာနဲ့ Wang Yibo ရေချိုးခန်းထဲသွားပြီး ထကြွနေတဲ့သူ့အကောင်ကိုငြိမ်အောင်လုပ်ပေးရသေးတယ် Xiao Zhan ကသူ့သူငယ်ချင်းတွေနဲ့ချိန်းထားတာဆိုတော့ ‌သူ့ကိုလုပ်ပေးခိုင်းဖို့အဆင်မပြေဘူးလေ

“ဟာာားးးးပျင်းလိုက်တာ...”

“ငါသွားကြည့်ရင်ကောင်းမလား”

Wang Yibo bathtubထဲကထွက်လိုက်ပြီး...
“အင်း..သွားကြည့်လိုက်မယ် သူကဒီပတ်ဝန်းကျင်နဲ့ရင်းနှီးသေးတာမဟုတ်ဘူး”

Wang Yibo မြန်နိုင်သမျှမြန်မြန်ပြင်ဆင်ပြီးတော့ကားသော့ယူလိုက်တယ်

“သူဘယ်သွားမယ်လို့ပြောသွားတာလဲ??”

“အာာ... BoJunYiXiao”

မှတ်မိသွားတော့ Wang Yibo ကားမောင်းပြီး Xiao Zhan ဆီထွက်သွားတယ်

---------------------------------

BoJunYiXiao café ကိုရောက်ဖို့အကြာကြီးမမောင်းလိုက်ရ Wang Yibo ရောက်တော့ကားထဲကနေပဲဆိုင်ထဲမှာ Xiao Zhan ရှိလားရှာနေတယ်

Wang Yibo Xiao Zhan ကိုကောင်လေးတစ်ယောက် ကောင်မလေးနှစ်ယောက်နဲ့အတူထိုင်နေတာတွေ့လိုက်တယ်

‘သူတို့ကအယ်ဖာတွေဆိုဘယ်လိုလုပ်မလဲ? Xiao Zhan ဒုက္ခရောက်လိမ့်မယ်’

Wang Yibo ဆိုင်ထဲကတိတ်တိတ်လေးဝင်သွားပြီး Xiao Zhan တို့ဝိုင်းနားမှာထိုင်တယ်

“စကားပြောနေကြတာလား?”
Wang Yibo ကိုယ့်ဘာသာတိုးတိုးလေးပြောနေတုန်း waiterရောက်လာတာကြောင့် သောက်စရာတစ်ခုပဲမှာလိုက်တယ်

waiterလေးကအမှာစာလက်ခံပြီးထွက်သွားတော့မှ Wang Yibo ဖုန်းထုတ်ပြီးအလုပ်ရှုပ်ချင်ယောင်ဆောင်ပြီး Xiao Zhan တို့ပြောတာကိုနားထောင်နေတယ်

“ငါ့ကိုအဲ့လိုမခေါ်နဲ့”
Xiao Zhan ရဲ့ယောက်ျား‌ေလးသူငယ်ချင်းက Xiao Zhan ကိုအော်ပြီးပြောတယ်

‘အဲ့တစ်ယောက်ကအယ်ဖာလား?’

“အင်း အင်း မင်းတတိယကလေးလွယ်ထားရလို့ဒီလိုမျက်နှာပေါက်ဆိုးနေတာ ဟုတ်ပြီလား”

Xiao Zhan ထိုတစ်ယောက်ကိုစနောက်လိုက်တဲ့အသံကြားတော့မှ Wang Yibo စိတ်သက်သာရာရသွားတယ်

MY FUBU (Translation) (Completed)Hikayelerin yaşadığı yer. Şimdi keşfedin