Chapter - 29

3.3K 358 11
                                    

[Unicode]

“ကောလိပ်တုန်းကမင်း Hai Kuan ge ကိုမွှန်ပြီးတော့ငါ့ကိုပလစ်ခဲ့တဲ့အချိန်တွေမှတ်မိသေးလား?”
Xiao Zhan ရယ်ပြီး Zhuocheng ကိုအရင်တုန်းကအကြောင်းကိုပြန်ပြောတယ်

အခုသူတို့နှစ်ယောက်‌ဖုန်းပြောနေကြတာဖြစ်တယ်

“ဟုတ်ပါ့ အဲ့တုန်းကသူ့ကိုမြင်ရင်ငါ့မှာရင်တွေခုန်လိုက်တာဆိုတာ အခုတော့ကလေးတောင်‌သုံးယောက်ရနေပြီ”

သူတို့နှစ်ယောက်ညခုနှစ်နာရီတည်းကဖုန်းပြောနေကြတာ အခုကိုးနာရီထိုးသွားတဲ့အထိပဲ

Zhuocheng စကားကြောင့် Xiao Zhan နှုတ်ခမ်းဆူပြီး...
“မင်းကအချစ်ရေးကံကောင်းပါတယ် မနာလိုလိုက်တာ”

“မင်းကလူရွေးညံ့တာကို အဲ့ဒါကြောင့်အဲ့လိုခွေးကောင်နဲ့တွေ့တာ”

ရယ်ပြီးပြောလာတဲ့ Zhuocheng ကြောင့် Xiao Zhan မျက်လုံးလှန်လိုက်တယ်

“အချစ်ကငါ့အတွက်မဟုတ်ဘူးထင်ပါတယ်”
Xiao Zhan ပြောပြီးသက်ပြင်းချတယ်

“မင်းတစ်ယောက်ယောက်ကြောင့်ရင်ခုန်ပြီဆို အဲ့လူကိုလက်မလွှတ်နဲ့တော့ မင်းမကြိုးစားကြည့်ဘဲနဲ့ဘာဖြစ်မလဲဆိုတာမသိနိုင်ဘူးလေ”

“အင်း ဒါပေမယ့်ငါကအသည်းကွဲတာမကြာသေးဘူးလေ ok?”

သူတို့ဖုန်းပြောနေတုန်းတံခါးဖွင့်သံကြားတာကြောင့် Xiao Zhan တံခါးကိုလှမ်းကြည့်လိုက်တယ်

“Zhuocheng ငါ့သူငယ်ချင်းပြန်လာပြီထင်တယ် နောက်မှဖုန်းခေါ်လိုက်မယ်”

“အေး အေး နောက်မှပြောကြမယ် bye bye”

Xiao Zhan ဖုန်းချပြီးစားပွဲပေါ်တင်ပြီးတော့တံခါးဆီသွားတယ်

“ပြန်လာပြီ...”

မူးပြီးဝင်လာတဲ့ Wang Yibo ကြောင့် Xiao Zhan ပြီးအောင်တောင်မနှုတ်ဆက်လိုက်နိုင်ဘူး

Wang Yibo လက်ကိုသူ့ပုခုံးပေါ်တင်ပြီး Xiao Zhan Wang Yibo ကိုတွဲနေရတယ် Wang Yibo သူ့ကိုလာတွဲတဲ့သူကိုကြည့်လိုက်ပေမယ့် သေချာမမြင်ရဘဲဝါးနေတယ်

“ဘယ်လောက်တောင်သောက်လာလို့ဒီလိုပုံဖြစ်နေရတာလဲ?”
Xiao Zhan စုတ်သပ်ပြီးပြောပြီးတော့ Wang Yibo အိပ်ယာပေါ်ပစ်တင်လိုက်ပြီး သက်ပြင်းချတယ်

MY FUBU (Translation) (Completed)Where stories live. Discover now