Chapter - 5

5.9K 594 30
                                    

[Unicode]

“ငါအကူအညီတစ်ခုလောက်တောင်းချင်လို့”

Xiao Zhan ပြောလိုက်တော့ Wang Yibo ကကော်ဖီခွက်နဲ့ စာရွက်စာတမ်းတွေကိုခုံပေါ်တင်ပြီး Xiao Zhan ကိုကြည့်လာတယ်

သူကိုင်ထားတဲ့ဇွန်းနဲ့ခရင်းကိုပြန်ချလိုက်တယ် Xiao Zhan လက်တွေကလည်းဂဏာမငြိမ်စွာတစ်ဘက်နဲ့တစ်ဘက်ပွတ်သပ်နေတယ်

Xiao Zhan Wang Yibo ကိုမကြည့်ဘဲ...
“အင်း...ငါ့တိုက်ခန်းလည်းမပြန်ချင်ဘူး မားတို့ဆီမှာလည်းသွားနေလို့မရဘူး..အဲ့တော့...ငါမင်းအိမ်မှာခဏနေလို့ရမလား?”

Xiao Zhan မေးပြီးတော့စိတ်လှုပ်ရှားစွာနဲ့နှုတ်ခမ်းကိုက်ပြီး Wang Yibo ဆီကအဖြေကိုစောင့်နေတယ်

အချိန်တော်တော်ကြာတဲ့အထိ Wang Yibo ကနှုန်ဆိတ်နေခဲ့တယ်

‘မရဘူးလို့ပြော‌တော့မယ်ထင်တယ်’
အပြင်မှာတော့တိတ်ဆိတ်နေပေမယ့် စိတ်ထဲမှာတော့ Xiao Zhan တစ်ယောက်ငိုနေပြီ

“ဘာလို့လဲ?”

ရုတ်တရက် Wang Yibo ကမေးလာတော့ Xiao Zhan မျက်လုံးထဲမှာအပျော်တွေနဲ့ပြည့်သွားတယ် ဒါပေမယ့်ချက်ချင်းဘာမှမဖြစ်သလိုဟန်ဆောင်လိုက်တယ် ဟုတ်တယ်လေ သူစိတ်လှုပ်ရှားပြနေလို့မဖြစ်ဘူး တော်ကြာငြင်းလိုက်ရင်ဘယ်လိုလုပ်မလဲ

“ငါ့တိုက်ခန်းမှာကဟိုအကောင်ရဲ့အညစ်အကြေးတွေနဲ့မို့လို့ပြန်မသွားချင်ဘူး ရောင်းလိုက်ပြန်ရင်လည်းငါ့မိဘတွေကိုအသိပေးသလိုဖြစ်ပြီးငါ့ကိုပြန်ခေါ်ကြလိမ့်မယ် အဲ့လိုလည်းမဖြစ်စေချင်ဘူး”

Xiao Zhan ကပြောပြီးခေါင်းကိုငုံ့ချလိုက်တယ် သူ့ပုံစံလေးကသနားဖို့ကောင်းနေမှဖြစ်မယ် အဲ့ဒါမှ Wang Yibo ကသူ့ကိုမငြင်းမှာ

Yibo ကအယ်ဖာဖြစ်လည်းဘာဖြစ်လဲ သူဂရုမစိုက်ပါဘူး သူက Yibo ရဲ့အချစ်ဆုံးသူငယ်ချင်းပဲဟာ နောက်ပြီး Yibo ကသူတို့ကလေးတုန်းကပေးခဲ့တဲ့ကတိလည်းတည်ဦးမယ်ဆိုတာသူသိတယ် နောက်ပြီးတော့သူ့မှာတစ်ခြားသွားစရာနေရာလည်းမရှိဘူး

“မင်းငါ့ကိုဘာပေးမှာလဲ?”
Wang Yibo မေးလိုက်တော့ Xiao Zhan ကချက်ချင်းသူ့ကိုမော့ကြည့်လာတယ်

MY FUBU (Translation) (Completed)Wo Geschichten leben. Entdecke jetzt