Chapter - 40

4.1K 387 16
                                    

[Unicode]

Wang Yibo သုံးရက်လုံးအရက်ဘဲသောက်နေတာကြောင့် အကျိုးဆက်အနေနဲ့ နိုးလာတော့ခေါင်းတွေမတရားကိုက်နေတယ်

အခန်းထဲမှာလည်းအရက်နံ့တွေလှိုင်နေတာပဲ သူ့ဖုန်းကလည်းဆက်တိုက်ဆိုသလိုမြည်နေတယ် သူဒီရက်တွေကုမ္ပဏီလည်းမသွားတာကြောင့် ဖုန်းဆက်တဲ့သူဆက် စာပို့တဲ့သူပို့နဲ့ အကုန်လုံးသူ့ကိုစိတ်ပူနေကြတယ်

Wang Yibo အရက်အလွန်အကျူးသောက်ထားတာကြောင့်ရော တစ်ကိုယ်လုံးကိုက်ခဲနေတာကြောင့်ရော လုံးဝမလှုပ်နိုင်ဘူး သူ့ဘဝကြီးကဘာအဓိပ္ပာယ်မှမရှိတော့သလိုပဲ ဘာဆိုဘာမှလည်းလုပ်ချင်စိတ်မရှိဘူး အင်းလေ သူ့အားဆေးလေးကမှသူ့နားမရှိတာ ဘယ်လိုလုပ်လုပ်ချင်ကိုင်ချင်စိတ်ရှိမှာလဲ

Wang Yibo ခေါင်းကြွပြီး ဖုန်းယူပြီး အချိန်ကြည့်လိုက်တော့နေ့ခင်းတောင်ရောက်နေပြီ မိုးကလည်းသည်းကြီးမည်းကြီးရွာနေတယ်

ဖုန်းကိုစစ်လိုက်တော့ missed call 50 နဲ့ messageက100ကျော်တယ် Wang Yibo ခေါင်းအုံးပေါ်ခေါင်းအပ်ပြီး သက်ပြင်းချလိုက်တယ်

Wang Yibo မျက်လုံးအောက်မှာလည်း အချိုင့်ကြီးဖြစ်နေပြီ ဗိုက်ကလည်းတဂွီဂွီနဲ့အော်နေပေမယ့် သူထပြီးစားဖို့အစီအစဥ်မရှိဘူး သူအခုအကုန်လုံးကိုမေ့ပစ်ချင်တာကလွဲပြီး ကျန်တာဘာမှလုပ်ချင်စိတ်မရှိဘူး

“တစ်ဖက်သတ်အချစ်ဆိုတာဒါလား?”

Wang Yibo ကိုယ့်ကိုယ်ကိုလှောင်ရယ်လိုက်တယ်

“fuck ငါကအလကားကောင်ပဲ”

Wang Yibo ထထိုင်ပြီး မျက်လုံးမပွင့်တပွင့်နဲ့အခန်းထဲကိုဝေ့ကြည့်ပြီးတော့ မျက်နှာကိုလက်နဲ့အုပ်လိုက်တယ် တစ်ခန်းလုံးအရက်ဘူးခွံတွေချည်းပဲ

Wang Yibo ဖုန်းဖွင့်လိုက်ပြီးတော့ wallpaperက Xiao Zhan ပုံကိုကြည့်ပြီးပြုံးတယ်

“မင်းတစ်ကယ်လှတယ်”

Wang Yibo မျက်နှာကြက်ကိုကြည့်ပြီး ခါးသက်သက်နဲ့ရယ်တယ်

“မင်းကိုချစ်နေတယ်ဆိုတာကိုယ့်ကိုယ်ကိုသတိထားမိလိုက်တည်းကမင်းကိုဖွင့်ပြောခဲ့သင့်တာ”

MY FUBU (Translation) (Completed)Where stories live. Discover now