Chapter - 17

4.4K 428 5
                                    

[Unicode]

Wang Yibo ပင်ပန်းနွမ်းနယ်နေတဲ့ပုံနဲ့အိမ်ပြန်ရောက်လာတယ်

သူဝင်သွားတော့အိမ်ကထူးထူးခြားခြားတိတ်ဆိတ်နေတယ် ပုံမှန်ဆိုလည်းဆူညံနေတာမျိုးမဟုတ်ပေမယ့် ဒီနေ့လောက်တော့တိတ်ဆိတ်မနေ သူဝင်ပေါက်မှာမျက်မှောင်ကြုတ်ပြီးမတ်တပ်ရပ်နေတယ်

ရုတ်ရက်သူ့နှာခေါင်းထဲကိုချိုမြိန်တဲ့အနံ့တစ်ခုဝင်လာတယ် တစ်အိမ်လုံးထိုအနံ့နဲ့ပြည့်နေပြီ Wang Yibo လက်ထဲကအိတ်လွတ်ကျသွားတယ်

“Xiao Zhan heat ဝင်နေတာလား?”
Wang Yibo ကိုယ့်ဘာသာမေးပြီး အခန်း‌ဆီကိုသွားတယ်

အခန်းတံခါးဖွင့်လိုက်တော့ ကြမ်းပြင်‌ပေါ်မှာသတိလစ်နေတဲ့ Xiao Zhan ကိုတွေ့လိုက်ရတယ် Wang Yibo နှလုံးခုန်သံတွေမြန်လာပြီး စိုးရိမ်စိတ်တွေလည်းမြင့်တက်လာတယ်

Wang Yibo Xiao Zhan ကိုပွေ့လိုက်ပြီးပါးကိုပုတ်နှိုးတယ်

“Xiao Zhan?”

Wang Yibo ထိတ်လန့်နေတယ် သူအခုဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး

Xiao Zhan ရဲ့ဟော်မုန်းနံ့တွေကလည်းဆက်ထွက်နေတုန်းပဲ Wang Yibo အခုသူ့စိတ်ဆန္ဒနဲ့ Xiao Zhan ကိုစိုးရိမ်မှုကြား လမ်းပျောက်နေတယ် ဒါပေမယ့်အခုအခြေအနေကသူ့စိတ်ဆန္ဒအတိုင်းနေလို့ရတဲ့အချိန်မဟုတ်ဘူး သူစိတ်လွတ်ပြီး Xiao Zhan ကိုအန္တရာယ်မပေးနိုင်ခင် Wang Yibo နှာခေါင်းပိတ်လိုက်တယ် အဲ့ဒါကအရမ်းကြီးမထိရောက်ပေမယ့် နည်းနည်းတော့ကာကွယ်လို့ရပါတယ်

ပြီးတာနဲ့ချက်ချင်းဆိုသလို Wang Yibo အံဆွဲထဲက Xiao Zhan အတွက်ဆေးထုတ်လိုက်တယ် အခုက Xiao Zhan ကိုဆေးတိုက်လို့မရတဲ့အခြေအနေဆိုတော့ သူထိုးဆေးကိုပဲရွေးလိုက်တယ်

သူ Xiao Zhan ကိုဆေးထိုးပေးပြီးတာနဲ့ရေချိုးခန်းထဲဝင်ပြီး လော့ချလိုက်တယ် ဆေးစွမ်းပြဖို့ကဆယ်မိနစ်လောက်ကြာဦးမှာ သူ သူ့ကိုယ်သူအဲ့လောက်အထိမထိန်းထားနိုင်တော့ဘူး

Wang Yibo ရေချိုးခန်းထဲရောက်မှစိတ်သက်သာရာရသွားပြီး အသက်လုရှူနေရတယ် နဖူးကလည်းချွေးတွေစီးကျနေတယ် လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကလည်းသူသာ Xiao Zhan လည်ပင်းကိုသူ့လက်နဲ့မကာခဲ့ရင် အဲ့တည်းက Xiao Zhan ကိုသူအမှတ်ပေးခဲ့မိမှာ

MY FUBU (Translation) (Completed)Where stories live. Discover now