Chapter - 30

3.7K 375 10
                                    

[Unicode]

နောက်တစ်နေ့မနက် Xiao Zhan အိပ်ရာနိုးလာတော့ အိပ်ချင်မူးတူးနဲ့သူ့ဘေးကနေရာလွတ်ကိုကြည့်လိုက်တယ်

‘တစ်ရေးနိုးပြီးဧည့်ခန်းထဲသွားအိပ်နေတယ်လို့တော့လာမပြောနဲ့နော်’

Xiao Zhan အိပ်ရာထပြီးအောက်ထပ်ဆင်းသွားတယ်

သူဧည့်ခန်းထဲရောက်တော့လည်း Wang Yibo ကိုမတွေ့တာကြောင့်သက်ပြင်းချလိုက်တယ်

“ကြည့်ရတာအလုပ်သွားပြီထင်တယ်”

သူမီးဖိုခန်းထဲသွားပြီး Wang Yibo မနက်စာအနေနဲ့တစ်ခုခုသောက်သွားသေးလားသွားကြည့်ပေမယ့် ဘေစင်ထဲမှာဆေးရမယ့်ခွက်တစ်ခွက်မှမရှိတာကြောင့် Wang Yibo မနက်စာအနေနဲ့ဘာမှမသောက်သွားတာသိလိုက်တယ်

Xiao Zhan စုတ်သပ်လိုက်ပြီး...
“မနက်စာဘာမှမစားသွားတဲ့အပြင်ကော်ဖီတောင်မသောက်သွားဘူး”

Xiao Zhan စိတ်တိုတိုနဲ့ပြောပြီးတော့မှ စိတ်ပူသွားတယ်

“သူခေါင်းမကိုက်ဘူးလား?”

Xiao Zhan သက်ပြင်းချပြီး...
“သူမနိုးခင်ထပြီး အမူးပြေသောက်စရာတစ်ခုခုလုပ်ပေးလိုက်ရမှာ”

“ချက်ပြီးပဲသူ့ကုမ္ပဏီယူသွားပေးလိုက်တော့မယ်”

Xiao Zhan အပျင်းကြောဆန့်ပြီးတော့ အေပရွန်ဝတ်ရင်း Wang Yibo အလုပ်လုပ်နေမယ့်ပုံကိုမြင်ယောင်လာပြီး ပြုံးလိုက်တယ်

“သူအလုပ်လုပ်တဲ့ပုံစံကိုမြင်ရတော့မယ်”

----------------------------------

တစ်နာရီကြာတော့အကုန်ချက်ပြုတ်လို့ပြီးသွားပြီ သူစိတ်လှုပ်ရှားလွန်ပြီးအများကြီးချက်လိုက်မိတယ်

“ကျန်တာကိုရေခဲသေတ္တာထဲထည့်ထားရမယ်”

Xiao Zhan ကျန်တဲ့အစားအသောက်တွေကိုရေခဲသေတ္တာထဲထည့်ပြီးတော့ ဟင်းချက်တဲ့နေရာကိုသန့်ရှင်းရေးလုပ်တယ်

“အခုရေချိုးဖို့ပဲကျန်တော့တယ်”

“လာလာလာလာလာ~~”
Xiao Zhan အေပရွန်ချွတ်ပြီးတော့ သီချင်းညည်းရင်းအပေါ်ထပ်တက်သွားတယ်

----------------------------------

Xiao Zhan ပြင်ဆင်ပြီးတော့မှန်ထဲမှာကိုယ့်ကိုယ်ကိုပြန်ကြည့်နေတယ်

MY FUBU (Translation) (Completed)Where stories live. Discover now