Chapter - 21

4.1K 378 16
                                    

[Unicode]

café မှာအချိန်တော်တော်ကြာကုန်ဆုံးပြီးတော့ Wang Yibo နဲ့ Xiao Zhan အိမ်ပြန်လာတယ်

ဧည့်ခန်းထဲရောက်တော့ Xiao Zhan သက်ပြင်းချပြီး အပျင်းကြောဆန့်ရင်း...
“အကြာကြီးနေမှအပြင်ထွက်ရတာကောင်းလိုက်တာ”

“အမ် အင်း”
Wang Yibo ကပြန်ပြောပြီး Xiao Zhan ဘေးကဖြတ်သွားတယ်

“ဒါနဲ့မနက်ကမင်းကိစ္စရော ဖြေရှင်းပြီးသွားပြီလား”

Xiao Zhan ကစတော့ Wang Yibo ရုပ်တည်နဲ့ Xiao Zhan ကိုလှည့်ကြည့်ပြီး...
“မင်းနဲ့မဆိုင်ပါဘူး”

“ငါညစာချက်လိုက်မယ် မင်းရေသွားချိုးလိုက်”
Wang Yibo ပြောပြီးမီးဖိုခန်းထဲဝင်သွားတယ်

“ရေခဲတုံးကြီး”

Xiao Zhan နှုတ်ခမ်းဆူပြီးအခန်းဆီသွားတယ် အခန်းထဲရောက်တော့အဝတ်တွေချွတ်ပြီး ရေချိုးခန်းထဲဝင်သွားတယ်

“လန်းသွားအောင်ရေစိမ်လိုက်ဦးမယ်”
Xiao Zhan ပြောပြီးတော့ ရေနွေးနွေးလေးထည့်ထားတဲ့ bathtub ထဲဝင်ပြီး မျက်လုံးမှိတ်ပြီးရေစိမ်‌ေတာ့တယ်

---------------------------------

နာရီဝက်ကြာတော့ Wang Yibo ညစာချက်ပြီးသွားပေမယ့် Xiao Zhan ကရေချိုးလို့မပြီးသေးဘူး

“Zhan ညစာစားမယ်”

ဘာပြန်ဖြေသံမှမကြားတော့ Wang Yibo စုတ်သပ်လိုက်တယ်

“ငါနှစ်ခါမခေါ်ဘူးနော် မင်းမလာရင်ငါစားလိုက်တော့မယ်”

Wang Yibo နောက်တစ်ကြိမ်စုတ်သပ်ပြီး အခန်းဆီထွက်သွားတယ် အခန်းထဲလည်း‌ေရာက်‌ေရာ ရေချိုးခန်းတံခါးကိုဘန်းခနဲမြည်အောင်ရိုက်လိုက်တယ်

တံခါးမြည်သံကြောင့် Xiao Zhan လည်းbathtubထဲကထွက်ပြီး bathrobeဝတ်လို့တံခါးသွားဖွင့်ရတယ်

“ဘာလဲ”

Xiao Zhan တစ်ယောက်သူအနားယူနေတာကိုအနှေယင့်ယှက်ခံရလို့ စိတ်တိုပြီးမျက်မှောင်ကြုတ်နေတယ်

“ညစာစားချိန်ရောက်နေပြီ အခုထိမပြီးသေးဘူးလား”
Wang Yibo ကတံခါးကိုကျယ်ကျယ်ဟပြီး Xiao Zhan ကိုခေါင်းအစခြေအဆုံးကြည့်ပြီးမေးတယ်

MY FUBU (Translation) (Completed)Where stories live. Discover now