Chapter - 24

3.7K 364 3
                                    

[Unicode]

မနက်ခြောက်နာရီတုန်းကတစ်ရေးနိုးပြီးတော့ Xiao Zhan ပြန်အိပ်ပျော်သွားတယ် သူပြန်နိုးလာတော့တစ်ကိုယ်လုံးလေးလံနေပြီး စောင်ခြုံထားရဲ့သားနဲ့တောင်ချမ်းနေတယ် ပြီးတော့ခေါင်းတွေလည်းကိုက်နေတယ်

Xiao Zhan ညည်းညူရင်းမျက်လုံးဖွင့်လိုက်တယ်

“မထနဲ့ဦး ငါမင်းနဖူးပေါ်အဖျားကျတဲ့patchကပ်ပေးမလို့”
Wang Yibo ကအခန်းထဲဝင်လာရင်းပြောတယ်

Xiao Zhan Wang Yibo ကိုစိတ်ရှုပ်ထွေးစွာကြည့်တယ် ခေါင်းကိုက်နေတာကြောင့်မြင်ကွင်းကဝါးနေပြီး မျက်လုံးကလည်းသေချာမပွင့်

“ဘာ-ဘာလို့လဲ?”

“ငါနိုးဝောာ့မင်းဖျားနေပြီ”
Wang Yibo ကဆေးရယ်ရေခွက်ရယ်ဆန်ပြုတ်ရယ်ပါတဲ့ဗန်းကိုကိုင်ထားပြီးပြောတယ်

Wang Yibo ကသက်ပြင်းချပြီး ဗန်းကိုကုတင်ဘေးကစားပွဲပေါ်တင်ရင်း...
“မင်းဘာလို့ဖျားနေတာလဲတော့မသိဘူး ကိုယ့်ကိုယ်ကိုဂရုစိုက်စမ်းပါ”

“s-sorry”

Wang Yibo ခေါင်းခါပြီး...
“ငါသာမရှိရင်ဘယ်လိုလုပ်မလဲ?”

“sorry”

Xiao Zhan ကထပ်တောင်းပန်ဝောာ့ Wang Yibo စုတ်သပ်လိုက်တယ်

“ဘာလို့တောင်းပန်နေတာလဲ မင်းလဲဖျားချင်လို့မှမဟုတ်တာ”
Wang Yibo ကပြောပြီးဆန်ပြုတ်ပန်းကန်ကိုယူလိုက်တယ်

“ထိုင်လိုက်ပါလား? ဆေးမသောက်ခင်အစာစားရမယ်”

Xiao Zhan အတင်းထထိုင်ပြီး Wang Yibo ဆီကဆန်ပြုတ်ပန်းကန်ယူပြီး ပြုံးပြလိုက်တယ် Wang Yibo အပြင်ပုံစံကဘာခံစားချက်မှမရှိတဲ့ပုံပေါက်နေပေမယ့်လည်း မျက်လုံးထဲမှာသူ့ကိုစိတ်ပူနေတာတွေကိုအတိုင်းသားမြင်နေရတယ်

“စားတော့”

“ဟွန့်”
Xiao Zhan ကနှုတ်ခမ်းဆူပြီး ဆန်ပြုတ်စစားတယ် ဆန်ပြုတ်စားရင်းနဲ့သူဘာလို့ဖျားသွားတာလဲဆိုတာလည်းစဉ်းစားနေတယ်

‘မ‌ေန့ညကအိပ်မက်ကြောင့်များလား?’

“ဘာတွေစဉ်းစားနေတာလဲ?”
Xiao Zhan စိတ်လွင့်နေတာကိုသိတဲ့ Wang Yibo ကမေးတယ်

MY FUBU (Translation) (Completed)Where stories live. Discover now