Chapter -17(လီရှန်းဟွာ???)

19.9K 2K 58
                                    


Zawgyi

လော့ရှန်ဟွာနဲ့ထန်းဟော်ရှဟာ အချင်းချင်းမျက်စပစ်ပြီးနောက်မှာ ထန်းဟော်ရှဟာ ရှအန်းထျန်းတို့ဘက်ကို ကြည့်ကာ

"သွားကြရအောင်" လို့ ပြောရင်း ရှအန်းထျန်းတို့ သွားရာနောက်ကို လိုက်တော့သည်၊သူတို့ ထင်ခဲ့တာက ဒီလူတွေက ကျောင်းအနောက်ပေါက်ကနေ စတိုင်ကျကျနဲ့ ထွက်လိမ့်မယ်ပေါ့၊တကယ်ဟာ... ထိုကျောင်းနံရံကို ကျော်တက်လိုက်ဖြင်းဖြစ်သည်၊

160cm​ကျော်သာ ရှိသည့် လော့ရှန်ဟွာနဲ့ထန်းဟော်ရှမှာ 180cmလောက်ရှိသည့် သူတို့ရှေ့ရှိသုံးယောက်ဟာ နံရံကို အေးဆေးကျော်တက်သွားသည်ကို မြင်တော့ နှစ်ယောက်သား အူကြောင်ကြောင်မျက်နှာဘေးလေးများဖြင့်...

"ဟို...အနောက်ဘက်ကနေ မသွားဘူးလား?" လို့ ထန်းဟော်ရှဟာ မေးလိုက်တော့ ရှအန်းထျန်းတို့ဟာ ဒီကောင်လေးနှစ်ယောက်ဟာ ဒီနံရံကို မကျော်နိုင်ကြောင်း သတိထားမိသွားတော့သည်၊ထိုလိုနှင့် ကုဖုန်းမော့ဟာ ပြန်ဆင်းပြီး...

"ဒီကနေ သွားတော့ အချိန်ကုန်သက်သာတာပေါ့ ကဲ ...မင်းတို့ကို ပင့်တင်ပေးမယ် နံရံအခြားဘက်မှာ အန်းထျန်းနဲ့ကုန်းရွှေရှိတယ် " လို့ ပြောလိုက်တော့ နှစ်ယောက်သား ယောင်နနဖြင့်သာ ခေါင်းညိတ်လိုက်တော့သည်၊အံ့သြစရာကောင်းသည်ဟာ သူတို့နဲ့အသက်ရွယ်တူဖြစ်သည့် ကုဖုန်းမော့ဟာ သူတို့ထက် 20cmလောက် အရပ်မြင့်ရုံမက သူတို့ရဲ့ကိုယ်တွေကို နံရံဆီအေးဆေးပင့်တင်နိုင်ခြင်းဖြစ်သည်

'ဘုရင်းသခင်က တကယ်ပဲ မမျှမတဖန်ဆင်းပေးထားတာပဲ!'

ထန်းဟော်ရှလည်း နံရံပေါ်ရောက်တော့ အောက်တွင်စောင့်နေသည့် အခြားနှစ်ယောက်ကိုတွေ့လိုက်ရတော့သည်၊ထိုနှစ်ယောက်ထဲရှိ ရှအန်းထျန်းဆိုသည့်ကျောင်းသားဟာ ထန်းဟော်ရှကို ပြုံးကာကြည့်ရင်း

"ခုန်ချလိုက် ကိုယ်ဖမ်းပေးထားမယ်"

ထန်းဟော်ရှဟာ အရင်ဆို ကိုယ့်ဘာသာခုန်ချမည်ဖြစ်ပေမယ့် အတွင်းဘက်ထက် အပြင်နံရံရဲ့အမြင့်ဟာတော်တော်ကို မြင့်တာကြောင့် မတက်နိုင်စွာဖြင့် ရှအန်းထျန်းကို ကြည့်ကာ

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now