Epi_14

33K 3.7K 182
                                    

ဇာမဏိလက်ထဲရှိ​နေတာက ကျွန်​​တော့်ဂစ်တာ။ ကျွန်​တော့် အသက်ရှုသံ​တွေက မငြိမ်မသက် က​မောက်ကမ။ မှန်တစ်ချပ်ခြား​နေ​ပေမယ့် သူ့မျက်ဝန်းကြည်ကြည်​တွေက ယမကာ​တွေဝင်ထားတဲ့အရှိန်​ကြောင့်လား ​ရေ​သေအိုင်တစ်ခုလို ပိုမိုနက်​မှောင်​နေ၏။ ကျွန်​တော့်ကို ဘယ်အချိန်တည်းက ​...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဇာမဏိလက်ထဲရှိ​နေတာက ကျွန်​​တော့်ဂစ်တာ။ ကျွန်​တော့် အသက်ရှုသံ​တွေက မငြိမ်မသက် က​မောက်ကမ။ မှန်တစ်ချပ်ခြား​နေ​ပေမယ့် သူ့မျက်ဝန်းကြည်ကြည်​တွေက ယမကာ​တွေဝင်ထားတဲ့အရှိန်​ကြောင့်လား ​ရေ​သေအိုင်တစ်ခုလို ပိုမိုနက်​မှောင်​နေ၏။ ကျွန်​တော့်ကို ဘယ်အချိန်တည်းက ​ငေးကြည့်​နေခဲ့သလဲ ကျွန်​တော်မသိ။ ကျွန်​တော့်နှုတ်ခမ်း​က ​အသံတိတ်​ရေရွတ်မိတဲ့ သူ့အမည်​ခေါ်သံကို ခံစားမိပုံရပြီး ကား​ပေါ်တက်လာသည်။ စတီရင်ယာတိုင်​ပေါ်က ကျွန်​တော့်နှစ်ဖက်ကို တင်းထားမိ၏။

"သွားလို့ရပြီ"

မူပိုင်သံကိုလွန်​နေတဲ့ စကားသံက အက်ရှရှ။

"အင်း... ဂစ်တာကို အ​နောက်ခန်းထဲထည့်လိုက်မယ်​လေ"

"မထည့်ပါနဲ့​တော့"

​ဂစ်တာကို ​ပိုက်ထားလျက်နှင့် မျက်လုံး​တွေမှိတ်ပြီး ခေါင်းကိုကူရှင်မှာမှီလိုက်တာမို့ လည်တိုင်ကတစ်​​ဖြောင့်တည်းတန်းသွားသည်။ အသီးနဲ့​ရောတဲ့အ​ပျော့စား​တွေပဲ ​သောက်တာမြင်ခဲ့​ပေမယ့် ဆယ်​ကျော်သက်တစ်​ယောက်ရဲ့ခံနိုင်ရည်အားနှင့်ကြည့်မည်ဆိုလျှင် သူလည်း​ထွေ​နေလိမ့်မည်။ ဒီလိုဆို ကျွန်​တော့်ရဲ့တဒင်္ဂရူးသွပ်တဲ့လုပ်ရပ်​ကို ဇာမဏိ တွေ့သွားတာ ဟုတ်ချင်မှဟုတ်မည်။ တကယ်လို့​တွေ့သွားခဲ့တယ်ဆိုရင်​ရော...နူးညံ့စွာကြင်နာမိတဲ့ အင်္ကျီစွန်း​ပေါ်ကကျွန်​​တော့်နှုတ်ခမ်း​တွေကိုရဲ့အပြုအမူကို သူ လွဲ​ချော်သွား​ကောင်းပါရဲ့။ ရီ​ဝေ​နေတာ​တွေအားလုံးက ​နေမင်းရဲ့အရှိန်ဝါ​အောက်မှာ ​ပျော််ကျ​ပျောက်ကွယ်သွားခဲ့ရတဲ့ မထင်မရှားမြူမှုန်ငယ်​တွေလို။ ကျွန်​တော့်အပါးရစ်ဝဲ​နေကြတဲ့ အသက်ရှုသံနှစ်ခု​အောက်မှာ ကျွန်​တော့်နံနက်ခင်း မွန်းကြပ်​နေ၏။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now