Epi_19

34.1K 3.8K 255
                                    

သင်္ကြန်အကြတ်​နေ့

​သင်္ကြန်အကျ​နေ့ ​စွေခဲ့တဲ့မိုးသားအကြွင်းအကျန်​တွေအဖြစ် ဒီ​နေ့ရဲ့အပြာ​ရောင်​ကောင်းကင်မှာ တိမ်စိုင်ဖြူဖြူတို့က စံပယ်ပွင့်ဖြူဖြူ​တွေလို အဆုပ်လိုက်အထပ်လိုက် လှပ​နေကြသည်။ ​ရေစိုစိုတစ်ကိုယ်လုံးက ​နေ​ရောင်ဖြန့်ကျက်ထားတဲ့အ​နွေးဓါတ်​ကြောင့် သက်​သောင့်သက်သာရှိ၏။ ရေကစားတဲ့မဏ္ဍပ်ဘက်မှာ​ရှိ​နေတဲ့ ညီမ​လေးက လှည့်ကြည့်ပြုံးပြတာနဲ့ တိုက်ဆိုင်ပြီး ညီမ​လေး​ဘေးက ဆံနွယ်ရှည်ယဥ်တစ်ကိုယ်မယ်က ထိုင်​နေတဲ့ကျွန်​တော်တို့နား​ရောက်လာသည်။

"အစ်ကို ​ရေမကစားဘူးလား"

​တီရှပ်​​​ပေါ်ကမှ ရှပ်ထပ်ထား​ပေမယ့် ​သင်္ကြန်​ရေနစ်ထားတဲ့အင်္ကျီကအသားမှာကပ်​နေတာ​ကြောင့် ဘေးမှာဝင်ထိုင်တဲ့လူကို ပြုံးပြရင်း ချွတ်ထားမိတဲ့အ​ပေါ်ထပ်ကို ပုခုံး​ပေါ်လွှားတင်လိုက်ရသည်။ ​​

"ကိုယ်က ထိုင်ကြည့်ရတာပိုကြိုက်တယ်"

ကျွန်​တော်တို့ အခု​ရောက်​နေတာ ကမ္ဘာ​အေးဘုရားလမ်းက H2O မဏ္ဍပ်။ အကြတ်​နေ့တစ်ရက်ကို​တော့ဖြင့် မဏ္ဍပ်ထိုင်မယ်ဆိုတဲ့ ညီမ​လေးတို့အစီစဥ်ထဲ ကျွန်​တော်က အလိုက်သင့်​လိမ့်​နေလိုက်သည်။ ​​​သီးသန့် stage ဘက်မှာ ရေကစား​နေတဲ့ညီမ​လေးက ကျွန်​တော်တို့ထိုင်​နေရာဘက်လှည့်အကြည့်မှာ ကျွန်​တော်လက်လှမ်းပြလိုက်သည်။ ဒီညီမ​လေးက ဘယ်သူနဲ့တူလို့ ​ရေအဲ့​လောက်ကြိုက်မှန်းမသိ။ RayBin ​နေကာမျက်မှန်အပြာ​ဖျော့​ဖျော့တပ်ထားတဲ့ ​ရေစိုအပြုံးတို့က နူးညံ့​တောက်ပ​နေ၏။ ကျွန်​တော့်မှာ ​မိန်းက​လေး​တွေကြား ကြာကြာ​နေဖို့မသင့်​လျော်လို့သာ ဒီဘက်လာထိုင်​ဖြစ်သည်။ ငါးရိုးကျစ်ဆံမြီးနှစ်ဖက်ခွဲကျစ်ထားပြီး ရေစိုခံမိတ်ကပ်ပါးပါး​နဲ့နွေ​နေ့လယ်ခင်းအောက် ထင်းခနဲဖြစ်​နေတဲ့​ညီမ​လေးကို အကြည့်​တွေနဲ့​စောင့်​ရှောက်​​နေရ၏။ တိတ်ဆိတ်​နေတဲ့ ကျွန်​တော်နဲ့ ယဥ်တစ်ကိုယ်မယ်ကြားမှာ ​ရေမှုန်စ​တွေ လူး​နေကြသည်။

"ဘာလဲ?"

မဏ္ဍပ်က service ​ပေးထားတဲ့ ကိုလာဘူးက စားပွဲ​ထောင့်စွန်းကို​​​ရွေ့သွားပြီး ကျွန်​တော့်လက်ထဲ​ရောက်လာတာက Pocari Sweat။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now