Hello

76.5K 4.3K 45
                                    

မဂၢဇင္းအေဟာင္းေတြ ကိုင္ဖတ္ျဖစ္တဲ့ ေျခာက္တန္းအရြယ္မွာ ပထမဆံုးဖတ္ဖူးတဲ့ အခ်စ္ဖန္စီ ဝတၳဳတိုေလးတစ္ပုဒ္ရဲ႕နာမည္က "ပဝါျဖဴေလးတစ္ပိုင္းရယ္လို႔ ပမာတူေလးႏႈိင္းလိုက္ပါရေစ"တဲ့။ မွတ္မိသေလာက္ဆို ၁၉၉၇ခုႏွစ္ထုတ္ အပ်ိဳစင္မဂၢဇင္းမွာ ျဖစ္မယ္ထင္တယ္။ ပထမဆံုးဖတ္ဖူးတဲ့အခ်စ္ဝတၳဳရွည္ဆိုရင္ေတာ့ ဆရာႏြမ္ဂ်ာသိုင္းရဲ႕ "တစ္ေခတ္တစ္ကမာၻအတြင္းမွာ ခ်စ္တာျခင္းေတာ့ ၿပိဳင္ခ်င္တယ္"။ ပထမဆံုးဖတ္ဖူးတဲ့ ဝတၳဳတိုေရာ၊ ဝတၳဳရွည္ေရာ စကားလံုးေလးေတြလွၿပီးႏုတဲ့နာမည္ေလးေတြျဖစ္ေနတာကို သေဘာက်ၿပီး ေတြးျဖစ္တယ္။ ငါလည္းတစ္ခါေလာက္ ဒီလိုနာမည္လွတဲ့အခ်စ္ဝတၳဳေလးတစ္ပုဒ္ေလာက္ ဖန္တီးခ်င္တယ္ဆိုတာမ်ိဳးေပါ့။ အခုေတာ့ တကယ္ပဲ အာ...နာမည္ေလးကတစ္မ်ိဳးေလးပဲဆိုတဲ့ အခ်စ္ဇာတ္လမ္းတစ္ပုဒ္ကို publish လုပ္ႏိုင္ခဲ့ပါၿပီ။ ပင္ပန္းေနလို႔၊ မြန္းၾကပ္တာေတြ မေရးပါနဲ႔ေတာ့လို႔ စာဖတ္သူေတာ္ေတာ္မ်ားမ်ားေျပာတာေတြ႕ေတာ့ ဆုလည္းတကယ္ပဲ ေပါ့ေပါ့ပါးပါးေရးခ်င္စိတ္ျဖစ္မိတယ္။ ဒါေၾကာင့္ နာမည္ေလးအတိုင္းပဲ ႀကီးႀကီးမားမား twist ေတြမပါဘူး။ အရာအားလံုးကို လွလွပပေလးျမင္ၿပီး ႏူးႏူးညံ့ညံ့ေလးခ်စ္ၾကည့္မယ္။ ကမာၻေပၚမွာ ခ်စ္တဲ့သူတိုင္းမညားတဲ့ဇာတ္ေၾကာင္းေတြရွိသလို ခ်စ္သူေတြမေပါင္းဆံုရတဲ့ျပကြက္ေတြကိုအေကာင္းမြန္ဆံုးပံုေဖာ္ေပးမယ့္ စာေရးသူေတြရွိၾကပါတယ္။ ဆုကေတာ့ ခ်စ္ၾကသူတိုင္း ေပါင္းဖက္ၾကေလသတည္းဆိုတဲ့ ဇာတ္လမ္းေလးေတြအတြက္ တာဝန္ယူေပးပါ့မယ္။ သုညကျပန္စမယ့္ ဒီေနရာမွာ ဒီေကာင္မေလးကို သိတဲ့သူေတြကိုေရာ၊ မသိေသးတဲ့စာဖတ္သူေတြအကုန္လံုးကိုပည အစကေနျပန္လိုက္မယ့္ေနရာလည္းျဖစ္ပါတယ္ေနာ္။
Love you mine...😙😙😙

×××××××××××××××××××

November 9.2020.(Monday)

××××××××××××××××××××

မဂ္ဂဇင်းအဟောင်းတွေ ကိုင်ဖတ်ဖြစ်တဲ့ ခြောက်တန်းအရွယ်မှာ ပထမဆုံးဖတ်ဖူးတဲ့ အချစ်ဖန်စီ ဝတ္ထုတိုလေးတစ်ပုဒ်ရဲ့နာမည်က "ပဝါဖြူလေးတစ်ပိုင်းရယ်လို့ ပမာတူလေးနှိုင်းလိုက်ပါရစေ"တဲ့။ မှတ်မိသလောက်ဆို ၁၉၉၇ခုနှစ်ထုတ် အပျိုစင်မဂ္ဂဇင်းမှာ ဖြစ်မယ်ထင်တယ်။ ပထမဆုံးဖတ်ဖူးတဲ့အချစ်ဝတ္ထုရှည်ဆိုရင်တော့ ဆရာနွမ်ဂျာသိုင်းရဲ့ "တစ်ခေတ်တစ်ကမ္ဘာအတွင်းမှာ ချစ်တာခြင်းတော့ ပြိုင်ချင်တယ်"။ ပထမဆုံးဖတ်ဖူးတဲ့ ဝတ္ထုတိုရော၊ ဝတ္ထုရှည်ရော စကားလုံးလေးတွေလှပြီးနုတဲ့နာမည်လေးတွေဖြစ်နေတာကို သဘောကျပြီး တွေးဖြစ်တယ်။ ငါလည်းတစ်ခါလောက် ဒီလိုနာမည်လှတဲ့အချစ်ဝတ္ထုလေးတစ်ပုဒ်လောက် ဖန်တီးချင်တယ်ဆိုတာမျိုးပေါ့။ အခုတော့ တကယ်ပဲ အာ...နာမည်လေးကတစ်မျိုးလေးပဲဆိုတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို publish လုပ်နိုင်ခဲ့ပါပြီ။ ပင်ပန်းနေလို့၊ မွန်းကြပ်တာတွေ မရေးပါနဲ့တော့လို့ စာဖတ်သူတော်တော်များများပြောတာတွေ့တော့ ဆုလည်းတကယ်ပဲ ပေါ့ပေါ့ပါးပါးရေးချင်စိတ်ဖြစ်မိတယ်။ ဒါကြောင့် နာမည်လေးအတိုင်းပဲ ကြီးကြီးမားမား twist တွေမပါဘူး။ အရာအားလုံးကို လှလှပပလေးမြင်ပြီး နူးနူးညံ့ညံ့လေးချစ်ကြည့်မယ်။ ကမ္ဘာပေါ်မှာ ချစ်တဲ့သူတိုင်းမညားတဲ့ဇာတ်ကြောင်းတွေရှိသလို ချစ်သူတွေမပေါင်းဆုံရတဲ့ပြကွက်တွေကိုအကောင်းမွန်ဆုံးပုံဖော်ပေးမယ့် စာရေးသူတွေရှိကြပါတယ်။ ဆုကတော့ ချစ်ကြသူတိုင်း ပေါင်းဖက်ကြလေသတည်းဆိုတဲ့ ဇာတ်လမ်းလေးတွေအတွက် တာဝန်ယူပေးပါ့မယ်။ သုညကပြန်စမယ့် ဒီနေရာမှာ ဒီကောင်မလေးကို သိတဲ့သူတွေကိုရော၊ မသိသေးတဲ့စာဖတ်သူတွေအကုန်လုံးကိုပည အစကနေပြန်လိုက်မယ့်နေရာလည်းဖြစ်ပါတယ်နော်။
Love you mine...😙😙😙

×××××××××××××××××××

November 9.2020.(Monday)

××××××××××××××××××××

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now