More

39.8K 3.7K 615
                                    

"အန်ကယ်လ်​သော်...အင့်...ဟင့်"

"အန်ကယ်လ်​သော် ရှိတယ်​​လေ သား။ ​ခဏ​နေရင် နာတာ​ပျောက်သွားမှာ​။ သားက သတ္တိရှိတာပဲကွ။ ​ဆေးထိုးပြီးတာ​တောင် မငိုဘူး"

​ကျောင်းနားမှာ​ရောင်းတဲ့ အချဥ်​ပေါင်း​တွေဝယ်စားပြီး အထက်လှန်​အောက်​လျှောဖြစ်ချင်​နေတဲ့ လင်းလွန်းကို ကျွန်​တော့်မှာ ​ပွေ့ချီထားလျက်နဲ့ အိပ်​ပျော်​အောင် သိပ်ရသည်။ ဝမ်းသွားတာ​ရော အန်ထားတာ​ရောနဲ့ နုံး​ခွေ​နေတဲ့က​လေးက သူ့အ​မေဆူထားတာ​ကြောင့်လည်း ဝမ်းနည်း​နေပုံရ၏။ အိပ်ခါနီး ည ၁၀နာရီ​လောက် ညီမ​​လေးဖုန်းဆက်​​ခေါ်လို့ ​ပြေးလာလိုက်တာ ကျွန်​တော့်မှာ ညအိပ်ဝတ်စုံ​တောင် လဲမလာရ။

လင်းလွန်းအရွယ်​ရောက်လာ​တဲ့အချိန်​တွေ ကျွန်​တော်အနားမှာမရှိ​ပေမယ့် ​သွေးကစကား​ပြောတာ​ကြောင့်လား ဒီတူ​လေးက ကျွန်​တော့်အ​ပေါ်ခင်တွယ်လွန်း၏။ ကျွန်​တော် မြန်မာနိုင်ငံ​ပြန်​ရောက်တာ နှစ်ဝက်မရှိ​သေး​ပေမယ့် အခု​နေထိုင်မ​ကောင်း​တော့ သူ့အ​မေအ​ဖေကို​ကျော်ပြီး ကျွန်​တော့်နာမည်တသည်။ ကျွန်​တော့် ရင်ဘတ်​ပေါ်တွယ်ကပ်ပြီး ပုခုံးကိုသိုင်းဖက်ထားတာလည်း တင်းတင်း။ ​ဆေးထိုးပြီး အီ​နေတာမို့ သူ့ကိုချီ​ပွေ့ထားလျက်နဲ့ ဧည့်ခန်းထဲ ​ခေါက်တုန့်​ခေါက်ပြန်​လျှောက်ရင်း ​ချော့သိပ်ရသည်။

"မာမီနဲ့ ညီမ​လေး အိပ်နှင့်။ ​ဆေးထိုး၊ ဓါတ်ဆားတိုက်ထား​တော့ ဝမ်းလည်းထပ်သွား​တော့မှာ မဟုတ်ပါဘူး။ ​အောက်ထပ်သွားမလား"

ညီမ​လေးတို့ ဝယ်ထားတဲ့ ​အောက်ထပ်မှာ ကိုပြည့်နဲ့ သားအငယ်ကျန်ခဲ့တာဖြစ်သည်။ သူ့​မြေး​နေမ​ကောင်း​တော့ မာမီလည်းမျက်နှာမ​ကောင်း။ ခုနှစ်လ​ကျော် ရှစ်လထဲရှိလာတဲ့ဗိုက်နဲ့ ညီမ​လေးမျက်ဝန်းထဲမှာလည်း မိခင်တစ်​ယောက်ရဲ့ စိုးရိမ်မှုမျိုး။

"ဒီမှာပဲ အိပ်မယ် ကိုကို။ သူ့အစ်ကို အီတာမြင်ရင် အငယ်​ကောင်က လိုက်ငိုချင်တာနဲ့"

"ဒါဆို အခန်းထဲသွား​နေ​တော့။ သူ အိပ်​ပျော်သွားမှ ကိုကို လာပို့​ပေးမယ်"

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now