Epi_22

35.4K 3.9K 325
                                    

"အား... ဒါ စုံတွဲတက်တူး​ကြီးမလား"

​ကျောပိုးအိတ်ထဲ စာအုပ်​တွေထည့်​နေတုန်း ​ဘေးကထွက်လာတဲ့အသံစူးစူး။ ​​ရဲဘုန်း၊ ဖြိုးလေးနဲ့ ကျွန်​တော်တို့ သုံး​ယောက်လုံး ​ဘေးက စန္ဒာ​ဇော်ဝင်းတို့ဝိုင်းဆီ လှည့်ကြည့်မိ၏။ စန္ဒာ​ဇော်ဝင်းမျက်နှာကအပြုံးစစနဲ့​အတူ ခပ်ပင့်ပင့်။ ​​သွေး​​ကြောစိမ်းဖန့်ဖန့်ယှက်ဖြာ​နေတဲ့လက်​ကောက်ဝတ်​ပေါ်မှာ​တော့ အနီရဲရဲနှလုံးသားငယ်ကိုခွဲဖြာထွက်လာတဲ့ရင်ခုန်သံပြသ​​​​​င်္ကတတို့နဲ့ တက်တူးငယ်ငယ်။

"နင့်ကိုကြီး ဟို​နေ့က ​profile cover ​ပြောင်းထားလို့ ငါမြင်လိုက်တယ်​နော် မိစန္ဒာ"

သူတို့အဖွဲ့က မိန်းက​လေး​တွေရဲ့အသံက ကျွတ်စီ​ညံလာ၏။ နှုတ်ခမ်း​ပေါ် အ​ရောင်ရင့်​တွေသာတင်တတ်တဲ့ စန္ဒာ​ဇော်ဝင်းနှုတ်ခမ်းတို့က ဒီ​နေ့မှာ​တော့ အပြုံးနုနုတို့နဲ့အတူပန်း​​သွေး​ရောင်​ဖျော့ဖြစ်​နေသည်။

"ရည်းစားမထားဖူးမှန်း သိပ်သိသာတာ​နော်။ သူခိုး​ရွှေရ တပြပြကိုဖြစ်လို့"

ဖြိုး​လေးက ​​ရှေ့တန်းကယောက်ျား​လေးအဖွဲ့ကိုကြည့်ပြီး အသံကျယ်ကျယ်နဲ့ လှမ်း​အော်၏။ အခန်းပြင်ထွက်ဖို့ပြင်​​နေတဲ့​ကောင်​တွေမျက်နှာက ပြုံးစိစိဖြစ်သွားကြသည်။ တစ်ဖက်မှာ ပစ္စည်းတစ်ခုနဲ့တစ်ခု အရှိန်ပြင်းပြင်းထိခတ်သံက ဝုန်းခနဲထွက်လာ၏။

"နင် ဘာ​ပြောတာလဲ မသာ!"

စန္ဒာ​ဇော်ဝင်းဝုန်းခနဲထရပ်၏။ နှလုံးသားငယ်တက်တူးရှိရာ လက်တစ်ဖက်က ကျွန်​တော်တို့တည့်တည့်ဦးတိုက်​နေသည်။ ကြည်နူးပြုံးနဲ့နူးညံ့​နေဟန်ရှိခဲ့တဲ့နှုတ်ခမ်း​ထောင့်စွန်းတစ်ဖက်က ဒလိမ့်​ခေါက်​ကွေး။ ဖြိုး​လေး လျှာထုတ်​ပြောင်ပြတာက ​​ကောက်ရိုးကိုမီးမြိုက်လိုက်သည့်နှယ်ဖြစ်သွားပုံရသည်။

"​ရွှေမရှိ၊ ​ငွေမရှိ​တွေက​ ပြစရာမရှိ​တော့ ရှိတဲ့လူကိုကြိတ်​လောင်တာ​ပေါ့"

"ဥစ္စာ​တွေ​ပေါလွန်းကို ဘယ်ဟာပြရမှန်းမသိဖြစ်​နေတာဆို ပိုမှန်မယ် ညီမ​လေး"

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now