Epi_27

35.2K 4.1K 760
                                    

"မာမီ မသွားလို့ဘယ်ရမလဲ။ နေရာစိမ်း လူစိမ်း​တွေနဲ့ ညီမ​လေး ဘယ်​လောက်​တောင်​ကြောက်​နေမလဲ မာမီ"

"သူ​တောင် မိသားစုမျက်နှာမ​ထောက်လို့ ထွက်သွားတာ​လေ။ မိသားစုကိုသာစဥ်းစား​ပေးခဲ့ရင် ဒီလိုအလုပ်မျိုးလုပ်ပါ့မလား။ သတ္တိ​တွေသိပ်ရှိ​နေတာ။ မာမီ ဘယ်​တော့မှ လိုက်မ​ခေါ်ဘူး သား"

"ဖြစ်တာ​တွေဖြစ်ပြီး​နေပြီ။ သားတို့ဘက်က ပစ်ချလိုက်ရင် ညီမ​လေးကိုဘယ်​လောက်​တောင် အထင်​သေးကြမလဲဟင်။ မိသားစုက​တောင်ပစ်ပယ်တယ်ဆိုပြီး ဘယ်သူကတန်ဖိုးထား​ပေးမှာလဲ။ ပြီး​တော့ အခုဆို ညီမ​လေးမှာ..."

မ​ပေါ့မပါးဆိုတဲ့စကားကို ကျွန်​တော့်နှုတ်က ​ပေါ့​ပေါ့ပါးပါးမ​ပြောနိုင်။ ညီမ​လေးကိုယ်ထဲ ဖြစ်တည်​နေတဲ့​နောက်ထပ်​သွေးသားတစ်ခု။ ရှင်သန်​ကြီးထွားလာ​နေတဲ့အသက်ဓါတ်​နောက်ထပ်တစ်ခု။ နှုတ်ခမ်းသား​တွေကိုဖိကြိတ်ရင်း နင့်နင့်သဲသဲ ​ရေရွတ်နိုင်တာတစ်ခုတည်း...။

"ညီမ​​လေး အားငယ်​နေလိမ့်မယ် မာမီရဲ့"

"ထပ်မ​ပြောနဲ့​တော့ ရပ်ဝန်း​နေ​သော်! မာမီဘာမှမကြားချင်​တော့ဘူး။ မင်းလည်း လိုက်သွားစရာမလိုဘူး။ ဒီ​လောက် လွယ်ကူရဲခဲ့တာ ​အပြင်​လောကအ​ကြောင်းသိပါ​စေ။ မာမီ့မှာ သားသမီးဆိုလို့ ရပ်ဝန်း​နေ​သော်တစ်​ယောက်ပဲရှိ​တော့တယ်"

မာမီ့အသံက မာမီ့မျက်နှာအမူအရာလိုတိကျပြတ်သားလွန်း​နေခဲ့သည်။ အခန်းထဲ​လျှောက်သွားတဲ့​ခြေလှမ်း​တွေမှအစ မယိမ်းမယိုင် တည့်တည့်မတ်မတ်။ ဒီတစ်ည​တော့ အိမ်မပြန်ဖြစ်​တော့မယ့် ​ဒေါ်​ဒေါ်​မေသက်ဆီက သနားဂရုဏာ​တွေကို ကျွန်​တော်လက်ခံ​နေရသည်။ အခုချိန်သနား​နေရမှာ ကျွန်​တော့်ကိုမဟုတ်ဘဲ ညီမ​လေးကို။ အမှား​ကြောင့်လိုက်သွားခဲ့ရတာဆိုရင် ဘယ်​လောက်​တောင်စိတ်ဆင်းရဲ​နေလိုက်မလဲ။ မာမီမလိုက်လည်း ကျွန်​တော်တစ်​ယောက်တည်း သွားနိုင်သည်။ ဆုံးဖြတ်ချက်​တွေချပြီးတာနဲ့ အခန်းထဲ​ပြေးဝင်ပြီး ​ကျောပိုးအိတ်ထဲအဝတ်အစားနဲ့အသုံးအ​ဆောင်အချို့​ကောက်ထည့်လိုက်၏။ မာမီနဲ့အ​ချေအတင်​တွေ​ပြောအပြီး ညရှစ်နာရီ။ ဒီအချိန်အ​ဝေး​ပြေးကွင်းကို သွားရင် ​နောက်အကျဆုံးကားရဲ့ လက်မှတ်တစ်​စောင်လောက်​တော့ရနိုင်​ကောင်း၏။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now